International Celebrity: ကွယ်လွန်သွားပြီဖြစ်တဲ့ Deadpool ပရိသတ်တစ်ဦးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ရိုင်ယန်ရေးနိုးစ်

ကင်ဆာရောဂါနဲ့ ဆုံးပါးသွားရှာတဲ့ ဆယ်ကျော်သက်ကောင်လေးပါ။

play

 

Deadpool မင်းသား ရိုင်ယန်ရေးနိုးစ်ဟာ ဒီနှစ်အစောပိုင်းမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဆယ်ကျော်သက်ကောင်လေးကို ဆိုရှယ်မီဒီယာကနေ သတိတရနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။

ကွန်နာဆိုတဲ့ ကနေဒီယန်လေးဟာာ ဧပြီလမှာ မကွယ်လွန်မီ Deadpool ဇာတ်ကားကို ကြည့်ရှုခဲ့ရပြီး အဲဒီဇာတ်ကားကို အရမ်းနှစ်သက်သူ ဖြစ်ပါတယ်။

play

 

"ကွန်နာမက်ဂရက်ဟာ မနက်ဖြန် (အောက်တိုဘာ ၁၂ ရက်) ဆိုရင် အသက် ၁၄ နှစ် ပြည့်ပြီ။ ကျွန်တော့်ကို သူ့ဘဝထဲမှာ ပါဝင်ခွင့်ရစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူက ကျွန်တော့်ဘဝကို ပိုကောင်းမွန်စေခဲ့သူပါ။ သူ့ရဲ့မိဘနှစ်ပါးဖြစ်တဲ့ ကင်မ်နဲ့ ဂရက်အတွက် မေတ္တာတွေ ပေးပို့ပါတယ်" လို့ ရိုင်ယန်က သူနဲ့ ကွန်နာ ရိုက်ကူးခဲ့တဲ့ ပုံတွေကို တွစ်တာမှာတင်ရင်း စာအရှည်ကြီးရေးသားခဲ့ပါတယ်။

play

ဇနီးဖြစ်သူ ဘလိတ်ခ်လိုက်ဗလီနဲ့ ပြီးခဲ့တဲ့လက ဒုတိယမြောက် ရင်သွေးလေးကို ရရှိခဲ့တဲ့ ရိုင်ယန်ဟာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ကနေလည်း ကွန်နာရဲ့မွေးနေ့ကို ရေးသား ဖော်ပြခဲ့ပါတယ်။

"သူက ဒီမှာ မရှိတော့ပေမဲ့ သူနဲ့သိသမျှလူအားလုံးကို ရယ်မောအောင်လုပ်နိုင်ဖို့ လုံလောက်အောင် နေထိုင်ခဲ့ပါတယ်" လို့ ရိုင်ယန်က ဟာသတွေပြောပြီး ရယ်ရယ်မောမော ဘဝကို ကုန်ဆုံးခဲ့တဲ့ ကောင်လေးကို ရည်ရွယ်ရေးသားခဲ့ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ