International Celebrity: ဗီလိန်ကြီး Deathstroke နေရာမှာ ဘန်အက်ဖလက်ကိုမြင်ရတော့မလား

စူပါဟီးရိုးပြီးတော့ ခပ်ကြမ်းကြမ်းလူဆိုးဖြစ်ချင်နေဟန်တူပါတယ်။

play

 

ဘန်အက်ဖလက်ရဲ့တွစ်တာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်အတိုလေးတစ်ခုကြောင့် ပရိသတ်တွေ သို့လောသို့လော ဖြစ်နေပါတယ်။ DC ရုပ်ပြရဲ့ ခပ်ကြမ်းကြမ်းလူဆိုးကြီး Deathstroke ရဲ့ဗီဒီယိုကိုတင်ထားတာပါ။ Deathstroke ဝတ်စုံပြည့်ဝတ်ထားသူတစ်ဦးက သရုပ်ဆောင်ထားပေမယ့် ဘယ်သူဘယ်ဝါရယ်လို့ တစ်လုံးတစ်ပါဒမှ ပြောမထားပါဘူး။ ဗီဒီယိုဖိုင်ထဲမှာ အသံပါမလာတာကြောင့်လည်း ဘန်အက်ဖလက်လို့ ယူဆဖို့ ခက်ခဲနေပါတယ်။

play

 

ဘန်အက်ဖလက်ဟာ DC နဲ့ လူကြိုက်အများဆုံး စူပါဟီးရိုး Batman နေရာမှာလည်း သရုပ်ဆောင်ထားတာကြောင့် ဗီလိန်လူဆိုး Deathstroke ရဲ့ဗီဒီယိုကို ဘာကြောင့်တင်သလဲဆိုတာ အထူးအဆန်းတစ်ခုလိုဖြစ်နေပါတယ်။

Source : Verge

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ