International Celebrity: Divergent ဇာတ်ကားသစ်မှာ သီအိုဂျိမ်းစ် ပါဝင်တော့မည်မဟုတ်

Four ရဲ့ ပရိသတ်တွေအဖို့တော့ ကြေကွဲစရာကောင်းသွားပြီပေါ့။

play

 

Divergent ဇာတ်လမ်းတွဲတွေရဲ့ ခေါင်းဆောင်မင်းသားဖြစ်သူ သီအိုဂျိမ်းစ်ဟာ နောက်ထပ်ဇာတ်ကားသစ်မှာ ပါဝင်တော့မှာမဟုတ်ပါဘူး။ Divergent ၊ Insurgent နဲ့ Allegiant ဇာတ်ကားတွေမှာ Four အဖြစ်နဲ့ သရုပ်ပြခဲ့တဲ့ ဂျိမ်းစ်ကို ပရိသတ်တွေ သဘောကျခဲ့ပေမဲ့ နောက်ဆုံးဇာတ်ကားမှာ ဆက်လက်ပါဝင်ဖို့ သူက ဆန္ဒမရှိတော့ဘူးလို့ ဆိုပါတယ်။

play

 

သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲ Divergent ရဲ့ နောက်ဆုံးဇာတ်ကား Ascendant ဟာ ရုပ်သံကနေ ထုတ်လွှင့်ပြသွားမယ့်အပေါ် ဂျိမ်းစ်က သဘောမကျတာပါ။ မူလကတော့ ၂၀၁၇ ခုနှစ် ဇွန်လမှာ ရုံတင်ပြသဖို့ စီစဉ်ခဲ့ပေမဲ့ Allegiant ရုံတင်ပြသခဲ့စဉ်က အရှုံးပေါ်ခဲ့တာကြောင့် ရုပ်သံကနေပဲ ထုတ်လွှင့်ဖို့ Lionsgate ဘက်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရှိုင်းလင်းဝုဒ်လေကလည်း ဒီလိုမျိုး အစီအစဉ်ပြောင်းလဲသွားတဲ့အပေါ် ဆက်လက်ပါဝင်သင့်၊ မသင့် စဉ်းစားနေပါပြီ။

Source : Too Fab, Hollywood

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ