International Celebrity: ကယ်ဗင်ဟားရစ် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး DJ ဖြစ်လာ

Blame သီချင်းဆိုရင်း နိုင်ငံတကာမှာ အတော်လေးရေပန်းစားခဲ့ပါတယ်။

play

 

Forbes မဂ္ဂဇင်းရဲ့ သြဂုတ်လ ထုတ်ပြန်ချက်အရ စကော့တလန်သား ကယ်ဗင်ဟားရစ်ဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး DJ ဖြစ်လာပါတယ်။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး DJ စာရင်းကို ကြေညာရာမှာ ကယ်ဗင်ဟားရစ်က ဒေါ်လာ ၆၃ သန်းနဲ့ ထိပ်ဆုံးမှာရပ်တည်နေတာပါ။

play

 

ကယ်ဗင်ဟားရစ်ရဲ့နောက်မှာ ဒတ်ခ်ျနိုင်ငံသား Tiesto နဲ့ ပြင်သစ်နိုင်ငံသား David Guetta တို့က ဒုတိယနဲ့တတိယနေရာမှာ ရှိနေပါတယ်။ Forbes မဂ္ဂဇင်းက Electronic Cash Kings အမည်နဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး EDM အနုပညာရှင်စာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ကယ်ဗင်ဟားရစ်ရဲ့ဝင်ငွေဟာ ယခင်နှစ်ကထက် ပိုနည်းသွားတယ်လို့လည်း သိရပါတယ်။ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်မှာတုန်းက ကယ်ဗင်ဟားရစ်ဟာ ဝင်ငွေ ဒေါ်လာ ၆၆ သန်းအထိ ရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး DJ စာရင်း

1. Calvin Harris = $63 million

2. Tiesto = $38 million

3. David Guetta = $28 million

4. ZEDD = $24.5 million

5. Steve Aoki = $23.5 million

6. Diplo = $23 million

7. Skrillex = $20 million

8. Kaskade = $19 million

9. Martin Garrix = $16 million

10. Dimitri Vegas & Like Mike = $15.5 million

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ