International Celebrity: မီလန်မှာ DJ ပွတ်နေတဲ့ ပဲရစ်ဟီလ်တန်

ဒီဇိုင်နာ Philipp Plein နဲ့ သူမအကြားမှာ ခိုင်မြဲတဲ့ရင်းနှီးမှု တည်ဆောက်ထားပုံရပါတယ်။

play

 

အီတလီနိုင်ငံ၊ မီလန်မြို့ရဲ့ ဖက်ရှင်ရက်သတ္တပတ်မှာတော့ သန်းကြွယ်သူဌေးမလေး ပဲရစ်ဟီလန်က ပရိသတ်တွေကို DJ နဲ့ ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဒီဇိုင်နာ Philipp Plein ရဲ့ ကော့တေးပါတီမှာ သူမက DJ ပွတ်ခဲ့တာပါ။

play

 

သားရေနဲ့ဇာ ပေါင်းစပ်ထားတဲ့ သားရေဂါဝန်တိုလေးကို အနက်ရောင်ဘွတ်ဖိနပ်နဲ့ တွဲဖက်ကာ လူငယ်ဆန်အောင် ဝတ်ဆင်ထားပါတယ်။ အနက်ရောင် စလွယ်သိုင်းအိတ်ကလေးကြောင့်လည်း အသက် ၃၄ နှစ်အရွယ်ကနေ ၂၄ နှစ်အရွယ်လောက် နုပျိုသွားစေပါတယ်။

play

 

ရှိုးမလျှောက်တာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ ပဲရစ်ဟီလ်တန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဒီဇိုင်နာ Philipp Plein ရဲ့ ရှိုးပွဲမှာ အနက်ရောင်ဝတ်စုံတစ်စုံကို ဝတ်ဆင်ပြီး ရှိုးလျှောက်ခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ