International Celebrity: DKNY ရှိုးပွဲမှာ အလန်းဆုံးဖြစ်ခဲ့တဲ့ ဘယ်လာဟက်ဒီး

ခေါင်းစွပ်ဂါဝန်တိုလေးနဲ့ အမိုက်စားဖြစ်နေပါတယ်။

play

 

မော်ဒယ်လောကမှာ ကျော်ကြားမှု အမြန်ဆုံးမော်ဒယ်ထဲမှာ ပါဝင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်တာနဲ့ အညီ ဘယ်လာဟက်ဒီးဟာ သူမရဲ့ခန္ဓာကိုယ်အလှကို လှစ်ဟပြခြင်းနဲ့ စိမ်းသူတော့ မဟုတ်ပါဘူး။

play

 

စက်တင်ဘာလ ၁၂ ရက်က New York Fashion Week မှာ ပြုလုပ်တဲ့ DKNY ရှိုးပွဲမှာ အထင်ရှားဆုံး ကြယ်ပွင့်ဖြစ်နေခဲ့ပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ် စူပါမော်ဒယ်မလေးဟာ လည်ပင်းဟိုက်လှတဲ့ ခေါင်းစွပ်ဂါဝန်တိုလေးကို အတွင်းခံမပါဘဲ ဝတ်ဆင်ထားတဲ့အတွက် သူမရဲ့စတိုင်ဟာ တစ်မျိုးလေး ကွဲထွက်လို့ ဆွဲဆောင်မှု အပြည့်ရှိနေပါတယ်။

play

 

နက်ပြာရောင်ဝတ်စုံကို လည်ရှည်ဘွတ်ဖိနပ် နက်ပြာနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ဘယ်လာဟာ နှုတ်ခမ်းနီကိုလည်း သပြေသီးမှည့်ရောင်ရင့်ရင့်ဆိုးထားတဲ့အတွက် သူမရဲ့မာကြောကြော မျက်နှာထားနဲ့ လိုက်ဖက်ကာ မော်ဒယ်အားလုံးကြားမှာ ထင်ရှားနေပါတော့တယ်။

Source & Phtoos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ