International Celebrity: ဒုတိယမြောက်ရင်သွေးလေး ပိုင်ဆိုင်ရတော့မယ့် Doctor Strange မင်းသား

သားလေး ခရစ္စတိုဖာက အသက်တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။

play

 

ဗြိတိန်မင်းသား ဘန်နီဒစ် ကမ်ဘာဘတ်ခ်ျဟာ မကြာခင်မှာ ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်ရတော့မယ်လို့ သတင်းကြားပါတယ်။ မနေ့ညက ဟောလိဝုဒ်မှာ ပြုလုပ်ခဲ့တဲ့ Doctor Strange အထူးပွဲမှာ ကမ်ဘာဘတ်ခ်ျကိုယ်တိုင် ဟာသနှောပြီးသဲလွန်စပေးခဲ့တာပါ။ "ဘတ်ခ်ျ ကောင်လေးတွေတော့ လာနေပြီ" ဆိုပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။

play

 

ကမ်ဘာဘတ်ခ်ျနဲ့ ဆိုဖီတို့ဟာ ၂၀၁၅ ခုနှစ် ချစ်သူများနေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ဇွန်လမှာတော့ သားဦးလေး ခရစ္စတိုဖာကို ဖွားမြင်ခဲ့ပါတယ်။

play

 

ဘန်နီဒစ် ကမ်ဘာဘတ်ခ်ျဟာ Imitation Game ၊ Sherlock ဇာတ်လမ်းတွဲတွေနဲ့ လူကြိုက်များလာခဲ့ပြီး ယခုတစ်ဖန် Doctor Strange ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ