International Celebrity: Doctor Strange အဖြစ် သရုပ်ဆောင်ရာမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးက ကူညီခဲ့ဟု ဘင်နီဒစ်ဆို

ဘင်နီဒစ်က ကားမတော်တဆမှုကြောင့် လက်နှစ်ဖက်လုံး သုံးမရတော့ဘဲ ဆုံးရှုံးလိုက်ရသူ မာနကြီးတဲ့ ခွဲစိတ်ကုဆရာဝန်အဖြစ် သရုပ်ဆောင်ထားပါတယ်။

play
ဘင်နီဒစ်နှင့် ၎င်းရဲ့ဇနီး


Doctor Strange ဇာတ်ကားထဲမှ ဇာတ်ရုပ်ကို သရုပ်ဆောင်ရာမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးထံမှ စိတ်ပိုင်းဆိုင်ရာကျင့်စဉ် သင်ပြမှုတွေက ၎င်းအတွက် အထောက်အကူ ဖြစ်ခဲ့ကြောင်း ဗြိတိသျှမင်းသား ဘင်နီဒစ် ကမ်ဘာဘတ်ခ်ျက ဖွင့်ဟပြောပါတယ်။

play
Doctor Strange ဇာတ်ကားမှာ ဘင်နီဒစ်


အဆိုပါ ဇာတ်ကားထဲမှာ ဘင်နီဒစ်က ကားမတော်တဆမှုကြောင့် လက်နှစ်ဖက်လုံး သုံးမရတော့ဘဲ ဆုံးရှုံးလိုက်ရသူ မာနကြီးတဲ့ ခွဲစိတ်ကုဆရာဝန် စတီဖင်စထရိန်းအဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

play


ဘင်နီဒစ်နဲ့အတူ ဇာတ်ကားမှာ ပါဝင်တဲ့ ဗြိတိသျှမင်းသမီး တီလ်ဒါဆွင်တန်က တိဘက် ဘုန်းတော်ကြီးတစ်ပါးကို Doctor Strange ဇာတ်ကားရိုက်ကွင်းသို့ ပင့်ဖိတ်ခဲ့တာ ဖြစ်ပါတယ်။

play
Doctor Strange ဇာတ်ကားမှာ ပါဝင်သည့် မင်းသမီး တီလ်ဒါဆွင်တန်


ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သင်ကြားပြသတဲ့ စိတ်တည်ငြိမ်မှုရပြီး အာရုံစူးစိုက်မှု ကောင်းစေတဲ့ ကျင့်စဉ်က ဇာတ်ကားမှာ သရုပ်ဆောင်မှုကို အကူအအညီ ဖြစ်စေခဲ့တယ်လို့ ဘင်နီဒစ်က ပြောပါတယ်။
Source & Photo:  Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ