International Celebrity: ဆိုးလ်ဒရာမာဆုပေးပွဲကို လွှမ်းမိုးခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ DOTS

, updated

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကတော့ အမျိုးသမီးထုရဲ့အသည်းကျော် ဆောင်းဂျွန်ကီပဲ ရသွားပါတယ်။

play

 

စက်တင်ဘာ ၈ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ဆိုးလ် နိုင်ငံတကာ ဒရာမာဆုပေးပွဲမှာ ယခုနှစ်အတွင်း လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ မင်းသား ဆောင်းဂျွန်ကီနဲ့ Descendent of The Sun (DOTS)တို့ကပဲ ဆုတွေကိုသိမ်းပိုက်သွားပါတယ်။ ပြည်ပဇာတ်လမ်းတွဲထဲမှာတော့ The Night Manager ကလည်း ဆုတွေများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

DOTS ဟာ ယခုနှစ် ဆိုးလ်ဒရာမာဆုပေးပွဲမှာ အကောင်းဆုံးဒရာမာဇာတ်လမ်းတွဲဆုကို ရရှိခဲ့သလို အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ဆောင်းဂျွန်ကီကလည်းကောင်း၊ အကောင်းဆုံးဇာတ်ဝင်တေးသီချင်းကိုတော့ "You Are My Everything" သီချင်းနဲ့ အဆိုတော် ဂမ်မီကလည်းကောင်း ဆွတ်ခူးသွားခဲ့ပါတယ်။

play

 

၁၁ ကြိမ်မြောက် ဆိုးလ်ဒရာမာဆုပေးပွဲရဲ့ နောက်ထပ် ဆုကြီးတစ်ဆုဖြစ်တဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Oh My Venus ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရှင်မင်းအာက ရရှိသွားတယ်လို့ သိရပါတယ်။ ယခုနှစ် ဆိုးလ်ဒရာမာဆုပေးပွဲကို ဆိုးလ်မြို့က KBS ခန်းမမှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၅၁ နိုင်ငံက ဇာတ်လမ်းတွေနဲ့ သရုပ်ဆောင်တွေထဲကနေ ရွေးချယ်ချီးမြှင့်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Source : Yonhap

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ