International Celebrity: DOTS နဲ့ အောင်မြင်လာမှုကို ခုချိန်ထိ မယုံနိုင်သေးဘူးဆိုတဲ့ ဂျင်ဂူး

"အချိန်အကြာကြီးထိအောင် သရုပ်ဆောင်ချင်ပါသေးတယ်"

play

 

Descendants Of The Sun ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ဂျင်ဂူးက သူ့အနေနဲ့ ဒီဇာတ်ကားမှာ ခုလောက်ထိ အောင်မြင်ခဲ့တယ်ဆိုတာကို မယုံကြည်နိုင်သေးဘူးဖြစ်နေမိတယ်လို့ ဆိုပါတယ်။ DOTS ဇာတ်ကားမှာ ဆိုဒယ်ရောင်အဖြစ်နဲ့ ပါဝင်ခဲ့တဲ့ ဂျင်ဂူးကို နှစ်သက်သဘောကျသူတွေလည်း အတော်ကို များပြားခဲ့ပါတယ်။

play

 

"အသက်ကြီးလာတာနဲ့အမျှ စာသားတွေမှတ်ဖို့နဲ့ ညဘက်ရိုက်ကူးရေးတွေလုပ်ဖို့ ခက်ခဲလာတယ်။ ဒါပေမဲ့ ဖြစ်နိုင်သမျှ အချိန်အကြာကြီးထိအောင် သရုပ်ဆောင်ချင်ပါသေးတယ်" လို့လည်း Grazia မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

play

 

ဂျင်ဂူးဟာ လတ်တလောမှာတော့ Night Light လို့ ယာယီအမည်ပေးထားတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိပါတယ်။

Source : Grazia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ