International Celebrity: ဟယ်ရီစတိုင်ရဲ့ သရုပ်ဆောင်ပုံကို မြင်တွေ့ပြီဖြစ်တဲ့ Dunkirk ဇာတ်ကားနမူနာ

နောက်ဆုံးတော့ အားလုံးစောင့်စားနေတဲ့အချိန်ကို ရောက်ရှိလာပါပြီ။

ဟယ်ရီစတိုင်ပါဝင်တဲ့ Dunkirk ဇာတ်ကားနမူနာ
play

 

One Direction ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်ကားကို မြင်တွေ့ရပါပြီ။ ဟယ်ရီစတိုင်က ရုပ်ရှင်စတင်ရိုက်ကူးမယ်လို့ ကြေညာခဲ့တုန်းက ပရိသတ်တွေ အရူးအမူးဖြစ်ခဲ့ရပါတယ်။ အခုတော့ အဆိုတော် သရုပ်ဆောင်မင်းသားရဲ့ သရုပ်ဆောင်ပုံကို ခဏတာ မြင်တွေ့ခွင့်ရပါပြီ။

ဟယ်ရီစတိုင်ဟာ သရုပ်ဆောင်နယ်ပယ်မှာ ခြေချဖို့အတွက် ဒုတိယကမ္ဘာစစ်အတွင်းကို သရုပ်ဖော်ထားတဲ့ စစ်ကားတစ်ကားဖြစ်တဲ့ Dunkirk နဲ့ စတင်ခဲ့ပါတယ်။

play

 

အဲဒီအတွက် ဟယ်ရီစတိုင်ဟာ သူ့ရဲ့ အမြဲသန့်ပြန့်ကျော့ရှင်းတဲ့ သွင်ပြင်ကို စွန့်လွှတ်ကာ ရွှံ့တွေပေကျံပြီး စစ်သားတစ်ယောက်အသွင် ပြောင်းခဲ့ရပါတယ်။

"ဟယ်ရီက အရမ်းတော်တယ်။ ခရစ္စတိုဖာနဲ့ ရုပ်ရှင်အဖွဲ့သားအားလုံးက သူ့ရဲ့ ကြိုးစားမှုကို သဘောကျကြတယ်။ သူက မယုံနိုင်စရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်နေတာပဲ" လို့ အတွင်းလူတစ်ဦးက ပြောပြခဲ့ပါတယ်။

play

 

ဒါရိုက်တာက ဟယ်ရီကို သဘောကျလွန်းလို့ သူနဲ့ ထပ်ပြီး အလုပ်အတူတွဲလုပ်ဖို့တောင် အရိပ်အမြွက်ပြောခဲ့တယ်လို့ ဆိုပါတယ်။

Dunkirk ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ စတင်ရုံတင်မှာဖြစ်ပါတယ်။

Source & Photos : eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ