တွမ်ဟစ်ဒယ်လ်စတန်ရဲ့ အချစ်ဇာတ်လမ်းတွေက အကနဲ့ပဲ အမြဲစတင်ပုံရပါတယ်။
စက်တင်ဘာလ ၁၈ ရက်ညမှာ ပြုလုပ်တဲ့ 2016 Emmys ဆုပေးပွဲမှာ အစီစဉ်တင်ဆက်သူ နှစ်ဦးဖြစ်တဲ့ တွမ်နဲ့ ပရီယန်ကာတို့ဟာ စင်ပေါ်တက်လာစဉ်မှာ ကကွက်လေးတစ်ခုနဲ့ ရောက်လာပုံကို ကြည့်ရှူသူတွေ သတိမထားမိဘဲ မနေနိုင်ကြပါဘူး။
ဒါ့အပြင် သူတို့နှစ်ယောက်ဟာ Emmy ပါတီပွဲမှာ ဆယ်ဖီအတူရိုက်လိုက်၊ ဧည့်သည်တွေနဲ့ စကားပြောလိုက်လုပ်ရင်း သိသိသာသာကြီးကို တစ်ယောက်နဲ့တစ်ယောက် စိတ်ကစားနေကြတယ်လို့ မြင်တွေ့သူအများအပြားက ပြောလာပါတယ်။
"တွမ်က ပရီယန်ကာကို သူ့ဘက်ကိုဆွဲပြီး ဖက်ထားတယ်။ အဲဒါပြီးတော့ တွမ်နဲ့ ပရီယန်ကာက စကားတွေ ကပ်ပြောနေပြီး တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားကြသေးတယ်။ ပရီယန်ကာက တွမ်ရဲ့ ဖဲပြားလည်စီးကို ပြန်ပြုပြင်ပေးတယ်။ ပြီးတော့ ပါးနှစ်ဖက်စလုံးကို တစ်ယောက်တစ်လှည့် နမ်းကြတယ်" လို့ သတင်းပေးတစ်ဦးက ပြောပါတယ်။
ပရီယန်ကာက တွမ်ကို သူမရဲ့ဖုန်းကို ပေးလိုက်ပြီး တွမ်ကလည်း သူမကို ဖုန်းပြန်ပေးလိုက်တာကိုလည်း မြင်လိုက်ကြရပါတယ်။ ဖုန်းနံပါတ်တွေ အပြန်အလှန်ထည့်ပေးအပြီးမှာတော့ အကြာကြီးဖက်ထားပြီး ပါးပြင်ကို အနမ်းတွေပေးကြတယ်လို့ ဆိုပါတယ်။
ဆုပေးပွဲမတိုင်ခင် အစမ်းလေ့ကျင့်စဉ်ကလည်း သူတို့နှစ်ယောက် အပြင်ကို နှစ်ယောက်အတူတွဲထွက်တာကို မြင်တွေ့ခဲ့ကြရပါသေးတယ်။
Source & Photos : eonline