International Celebrity: Estée Lauder နဲ့ ပူးပေါင်းပြီး အလှကုန်ထုတ်မယ့် ဗစ်တိုးရီးယား

အလုပ်ကြိုးစားလှတဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ နောက်ထပ်ခြေလှမ်းတစ်လှမ်းတစ်လှမ်းပါ။

play

 

ပေါ့ပ်စတားလည်း ဖြစ်ခဲ့ဖူးပြီး ဆယ်လီတစ်ယောက်နဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ နောက်ထပ် နာမည်တစ်ခု ထပ်တိုးယူလိုက် ပြန်ပါပြီ။

ကလေး ၄ ယောက်မိခင်ဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် ဗစ်တိုးရီးယားဟာ Estée Lauder နဲ့ ပူးပေါင်းပြီး အလှကုန်ဘက်ကို ခြေဦးလှည့်လိုက်တာ ဖြစ်ပါတယ်။

play

 

"'ဒါဟာ သဘောတူညီချက်တစ်ခုတင် မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် သုံးချင်တဲ့ အရာတွေကို ဖန်တီးတဲ့သဘောပါ" လို့ ဗစ်တိုးရီးယားက ပြောခဲ့ပါတယ်။

Estée Lauder ရဲ့လုပ်ငန်းသစ်ကို ပူးတွဲလုပ်ကိုင်လိုက်ကြောင်း တရားဝင်ကြေညာခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်းက "အမျိုးသမီးတိုင်း လှပနိုင်တယ်"လို့ ဆိုခဲ့ပါတယ်။

play

 

"ကလေး ၄ ယောက်နဲ့ အလုပ်များတဲ့ ကျွန်မတောင်လုပ်နိုင်ရင် အားလုံး လုပ်နိုင်ရမှာပေါ့။ ကျွမ်းကျင်မိတ်ကပ်ပညာရှင် ဖြစ်စရာမလိုပါဘူး။ အချိန်အများကြီးလည်း ယူစရာမလိုဘူး" လို့ သူမက ဆိုပါတယ်။

အကန့်အသတ်နဲ့ ထုတ်ဝေမယ့် အလှပြင်ပစ္စည်းတွေကို စက်တင်ဘာလမှာ စထုတ်မှာဖြစ်ကြောင်း ဗစ်တိုးရီးယားက ဆိုခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ