International Celebrity: Ex တွေနဲ့ အခင်အမင်မပျက်နေနိုင်တဲ့ ကိတ်ဟက်ဆန်

အဲဒီလိုနေနိုင်ဖို့ သူမ ဘယ်လိုစိတ်ထားတယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

play

 

အသက် ၃၇ နှစ်အရွယ် ဟောလိဝုဒ်မင်းသမီး ကိတ်ဟက်ဆန်ဟာ ၂၀၀၇ ခုနှစ်မှာ အဆိုတော် ခရစ္စရော်ဘင်ဆင်နဲ့ ကွာရှင်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာတော့ မက်သရူးဘယ်လာမီနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းခဲ့ပါတယ်။

သူမရဲ့ Ex တွေနဲ့ အခင်အမင်မပျက်ရှိစေဖို့အတွက် စိတ်ဓာတ်ရင့်ကျက်အောင် သင်ယူခဲ့တယ်လို့  သူမက ဖွင့်ဟခဲ့ပါတယ်။

play

 

"ခွင့်လွှတ်ခြင်းက အကြီးမားဆုံး အပိုင်းဖြစ်မယ်လို့ ထင်တယ်။ လူတိုင်းက သူများကို လက်ညှိုးထိုးချင်ကြတာပဲလေ။ ကိုယ့်တာဝန်ကိုယူတတ်သူဆိုရင် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းတတ်ဖို့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ဒါကို ရင့်ကျက်တယ်လို့လည်း ခေါ်တယ်။ ရင့်ကျက်ဖို့ဆိုတာ သည်းခံမှုတွေ၊ နာကျင်မှုတွေ ပါတဲ့အတွက် လူအများစုက မရင့်ကျက်ချင်ဘူး" လို့ ကိတ်ဟက်ဆန်က ဆိုပါတယ်။

play

 

Single Mother တစ်ယောက်အဖြစ် အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၅ နှစ်အရွယ် သားနှစ်ယောက်ကို ပြုစုပျိုးထောင်နေတဲ့ သူမဟာ သားတွေနဲ့ စကားပြောတဲ့အခါ အပိုတွေထည့်ပြီး မပြောဖြစ်အောင် ကြိုးစားတယ်လို့ ဆိုပါတယ်။

Source & Photos : etonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ