International Celebrity: ပထမဆုံးအကြိမ် သရုပ်ဆောင်ခွင့်ရတဲ့ EXO အဖွဲ့ဝင် ဘတ်ဟွန်းရဲ့ ပြောစကား

, updated

ဒီဇာတ်ကားထဲမှာ လီဂျွန်ကိနဲ့ IU တို့လည်းပါဝင်ထားပါတယ်။

play

 

Scarlet Heart : Goryeo ဇာတ်လမ်းတွဲ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ယင်းဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ EXO အဖွဲ့ဝင် ဘတ်ဟွန်းက သူ့ရဲ့ ပထမဆုံးအကြိမ် သရုပ်ဆောင်လုပ်ရတဲ့အပေါ် ခံစားချက်တွေကို ပြောသွားခဲ့ပါတယ်။

" ဇာတ်ကားမရိုက်ခင်က D.O ကို ဒါရိုက်တာအကြောင်း မေးခဲ့ရသေးတယ်။ ဒါရိုက်တာာတွေထဲမှာ ကြောက်ဖို့ကောင်းတဲ့လူတွေ အများကြီးပဲလေ။ ကျွန်တော်က ကြောက်စရာကောင်းတဲ့လူတွေကို မကြိုက်ဘူး။ ဒါပေမဲ့ D.O က ပြောတယ်၊ ဒါရိုက်တာက လူကောင်းတစ်ယောက်ဖြစ်ပြီး ရိုက်ကွင်းမှာလည်း ပျော်စရာကောင်းအောင် သက်တောင့်သက်သာရှိတဲ့လူပါတဲ့။ " ဆိုပြီး သူ့ရဲ့စိုးရိမ်စိတ်ကလေးကို ထုတ်ပြောခဲ့ပါတယ်။

play

 

D.O ဟာ ၂၀၁၄ ခုနှစ်တုန်းက ဒါရိုက်တာ ကင်ဂျူတေးရိုက်ကူးတဲ့ "It's Okay, That's Love" အမည်ရှိ ဒရာမာဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးလို့ ဘတ်ဟွန်းက D.O နဲ့ တိုင်ပင်ခဲ့တာပါ။ ဘတ်ဟွန်းအနေနဲ့ သရုပ်ဆောင်တာအတွေ့အကြုံမရှိပေမဲ့လည်း ဒါရိုက်တာရဲ့ညွှန်ကြားပြသမှုကြောင့် အဆင်ပြေခဲ့ရတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ