International Celebrity: EXO အဖွဲ့ရဲ့ဖျော်ဖြေရေးခရီးစဉ်မှာ ယူဂျယ်ဆော့ပါဝင်မယ်

ပထမဆုံး ဖျော်ဖြေပွဲကို စက်တင်ဘာ ၁ဝရက်နေ့၊ ဘန်ကောက်မြို့မှာ စတင်မှာဖြစ်ပါတယ်။

play

 

Running Man အစီအစဉ်ရဲ့ နာမည်ကျော်အဖွဲ့သား ယူဂျယ်ဆော့ဟာ EXO အဖွဲ့နဲ့အတူ ဖျော်ဖြေရေးခရီးစဉ်တွေမှာ လိုက်ပါပြီး တင်ဆက်သွားဦးမယ်လို့ သိရပါတယ်။

EXO အဖွဲ့ရဲ့ ဖျော်ဖြေရေးခရီးစဉ်ကို ယခုလ ၁၀ ရက်နေ့မှာ စတင်တော့မှာပါ။ ကမ္ဘာတစ်ဝန်းကို လှည့်လှည်ဖျော်ဖြေသွားမယ့် ခရီးစဉ်တွေမှာ ပရိသတ်တွေ့ဆုံပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

play

 

ယူဂျယ်ဆော့ကတော့ ပရိသတ်တွေ့ဆုံပွဲတွေမှာ ပါဝင်တင်ဆက်သွားမှာပါ။ ပထမဆုံးဖျော်ဖြေရေးခရီးစဉ်ကို ဘန်ကောက်မှာစတင်မှာဖြစ်ပြီး ယူဂျယ်ဆော့လည်း ပါဝင်လာဖို့ရှိပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ