International Celebrity: အတွင်းခံနဲ့ ပစ်ပေါက်ခံရပေမဲ့ စိတ်မဆိုးခဲ့တဲ့ EXO အဖွဲ့

အမှတ်တရရှိနေခဲ့တယ်လို့ ဆိုပါတယ်။

EXO အဖွဲ့ဟာ ပြီးခဲ့တဲ့လက  သူတို့ရဲ့ EXO’rDIUM ပွဲအတွက် နယူးယော့ခ်ကို သွားခဲ့စဉ်က iHeartRadio နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး ယင်းအင်တာဗျူးမှာ EXO က သူတို့ရဲ့ အမှတ်တရအဖြစ်ဆုံး အချိန်၊ အမေရိကမှာ သူတို့ရဲ့အောင်မြင်မှုနဲ့ သူတို့အကြိုက်ဆုံး အမေရိကန်သီချင်းအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

play

 

အမေရိကနဲ့ အာရှပရိသတ်တွေအကြောင်း ကွာခြားမှုက ဘာလဲလို့ အစီအစဉ်မှူးက မေးမြန်းခဲ့ပါတယ်။

အမေရိကပရိသတ်ရဲ့ တုံ့ပြန်မှုက အရမ်းကို အံ့သြစရာကောင်းပြီး မာန်အများကြီးပါတယ်လို့ Baekhyun က ပြန်ဖြေခဲ့ပါတယ်။ Suho ကလည်း Baekhyun စကားကို ထောက်ခံခဲ့ပြီး "မက္ကဆီကိုမှာဆိုရင် သူတို့ရဲ့အတွင်းခံနဲ့တောင် ပစ်ပေါက်ကြတယ်" လို့ ပြောပြပါတယ်။

play

 

CNBLUE, SUPER JUNIOR နဲ့ INFINITE တို့လို ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့များမှာလည်း ယင်းဖြစ်ရပ်မျိုးတွေ ကြုံတွေ့ခဲ့ဖူးကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒါကို ပရိသတ်ရဲ့အားပေးမှုကို ဖော်ပြမှုနည်းလမ်းတစ်ခုအဖြစ် နားလည်ထားကြပါတယ်။Source & Photos : ilovekstars

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ