International Celebrity: F4 မင်းသားချော အိုးဖုတ်သမားလေး

ဆိုးလ်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ကာ ငယ်စဉ်က ဘောလုံးအားကစား ဝါသနာပါသူတစ်ယောက်ပါ။

play


ဒီနေ့ဟာ F4 မင်းသားလေး လေးယောက်ထဲက အိုးဖုတ်သမားလေးအဖြစ် လူသိများခဲ့တဲ့ တောင်ကိုရီးယား အဆိုတော် မော်ဒယ် မင်းသားချောလေး Kim Sang-bum ရဲ့ အသက် ၂၇နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။

play


ကင်ဘုံဟာ ဆိုးလ်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ကာ ငယ်စဉ်က ဘောလုံးအားကစား ဝါသနာပါသူတစ်ယောက်ပါ။

play


၂၀၀၆ ခုနှစ်လောက်မှစတင်ကာ ကိုရီးယား အနုပညာလောကထဲမှာ နေရာရလာခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Boys Over Flower (F4 ချစ်သူ) ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ဆိုယီဂျောင်းဆိုတဲ့ လူချမ်းသာကောင်လေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်များရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။

play


ရုပ်ရှင်ဇာတ်ကားတချို့နဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်လေ့ရှိတဲ့ ကင်ဘုံဟာ သီချင်းဆိုလည်းကောင်းသူမို့ တေးသီချင်းအချို့ သီဆိုထုတ်လွှင့်ခဲ့ရာမှာလည်း အောင်မြင်မှုရရှိခဲ့ပါသေးတယ်။

play


ကင်ဘုံဟာ F4 ဇာတ်ကားထဲက အဓိက မင်းသားတွေ ဖြစ်ကြတဲ့ လီမင်ဟို (ဂူဂျွန်ဖြိုး)၊ ကင်မ်ဟျောင်ဂျွန်း (ယွန်ဂျီဟိုး)တို့နဲ့ အပြင်လောကမှာပါ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။

play


သူဟာ မင်းသမီးငယ် မွန်ဂွန်ယန်း (အွန်စောအငယ် မင်းသမီးလေး) နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးပေမယ့် ချစ်သူဖြစ်ပြီး တစ်နှစ်မပြည့်ခင်မှာဘဲ လမ်းခွဲခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ အဆိုတော် မော်ဒယ် မင်းသားချော ကင်ဘုံကို ၁၉၈၉ ခုနှစ် ဇူလိုင် ၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ