International Celebrity: တရားဝင် Fan Club ဖွင့်လိုက်တဲ့ IU

UAENA လို့ အမည်ပေးထားပါတယ်။

IU ဟာ Kpop လောကထဲကို ဝင်ရောက်ပြီး ၉ နှစ်အကြာမှာတော့ သူမရဲ့တရားဝင် Fan Club ကို ဖွင့်လှစ်လိုက်ပြီး အဖွဲ့ဝင်ဖြစ်ချင်သူတွေကို ဖိတ်ခေါ်ထားပါတယ်။

play

 

UAENA လို့ အမည်ပေးထားတဲ့ IU ရဲ့ Fan Club အတွက် အဖွဲ့ဝင်တွေ စုစည်းနေတယ်လို့ သူမရဲ့အေဂျင်စီ FAVE Entertainment က ကြေညာထားပါတယ်။ အဖွဲ့ဝင်ဖြစ်လိုသူတွေအနေနဲ့ ဇူလိုင်လ ၁၇ ရက်ကနေ သြဂုတ်လ ၆ ရက်နေ့အတွင်း Member Card ကို ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

Member ဝင်များဟာ Member Card နဲ့အတူ အထူးထုတ်လုပ်ထားတဲ့ ပစ္စည်းများ၊ တစ်ကိုယ်တော်ရှိုးတွေနဲ့ ပရိသတ် တွေ့ဆုံပွဲတွေအတွက် တခြားသူတွေထက်စောပြီး လက်မှတ်ဝယ်ယူနိုင်တဲ့အခွင့်အရေးတို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

IU ဟာ ၂၀၀၈ ခုနှစ်မှာ Kpop လောကထဲကို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ပရိသတ်တွေ့ဆုံပွဲတွေ လုပ်ခဲ့ပေမဲ့ Fan Club တော့ လုံးဝမရှိခဲ့ပါဘူး။

play

 

အသက် ၂၃ နှစ်အရွယ် မိန်းမချောလေး IU ဟာ အလယ်တန်းကျောင်းသူအရွယ်ကတည်းက အဆိုတော်တစ်ယောက် ဖြစ်ချင်စိတ် ပြင်းပြခဲ့ပြီး Talent Agency တွေမှာ သွားရောက်ပြီး အသံစစ်ဆေးခံခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ LOEN Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ သူမဟာ အသက် ၁၅ နှစ်အရွယ်မှာတင် ပထမဆုံး အယ်လ်ဘမ် Lost and Found ကို စထုတ်ခဲ့ပါတယ်။

အဲဒီနောက် ထပ်မံထုတ်လုပ်လိုက်တဲ့ Growing Up နဲ့ IU...IM အယ်လ်ဘမ်တွေနဲ့ သူမဟာ အောင်မြင်မှုရရှိလာခဲ့ပါတယ်။  ဧပြီလ ၂၁ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ IU ရဲ့ စတုတ္ထမြောက် အယ်လ်ဘမ်ဟာ Pallette ချက်ချင်းပဲ ကြည့်ရှုသူအများဆုံးစာရင်းမျာ ထိပ်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။

play

 

IU ဟာ ဂီတလုပ်ငန်းအပြင် ရေဒီယိုနဲ့ ရုပ်သံရှိုးတွေမှာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်သလို ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ အရံနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Source & Photos  :Allkpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ