International Celebrity: Fast Food ကြိုက်တဲ့ ဒေးဗစ်ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းဟာ ယောက်ျားပီသတဲ့ခန္ဓာကိုယ်ရှိတယ်လို့ နာမည်ကြီးသူပါ။

play

 

ကျန်းမာရေးကို အလေးပေး ဂရုစိုက်တယ်လို့ ထင်ရတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အစားအသောက်နဲ့ ပတ်သက်ရင် မကြာခဏဆိုသလို စိတ်ကိုအလိုလိုက်ပုံရပါတယ်။

သြဂုတ်လ ၂၉ ရက်မှာ ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းဟာ ဘာဗလီဟေးစ်က Mulberry Pizza ဆိုင်ကနေ ပီဇာကြီးတစ်ခုကို ယူလာတာကို တွေ့လိုက်ပါတယ်။

play

 

နာမည်ကျော် စားသောက်ဆိုင်ကြီးကနေ ပီဇာတစ်ချပ်ကို တစ်ယောက်တည်း စားမယ့်ပုံပေါ်တဲ့ အသက် ၄၁ နှစ်အရွယ် ဒေးဗစ်ဘက်ခမ်းကို ထသွားထလာပုံစံနဲ့ မြင်တွေ့ရပေမဲ့ ခါတိုင်းလိုပဲ စမတ်ကျနေဆဲပါပဲ။

တစ်ဖက်က ပီဇာဘူးကို ကိုင်ပြီး ကျန်လက်တစ်ဖက်က ကော်ဖီဘူးကိုင်ထားတဲ့ ဘက်ခမ်းဟာ လျှာထိုးဦးထုပ်ဆောင်းလို့ မျက်နှာကို ကွယ်ဖို့ ကြိုးစားထားပေမဲ့ နာမည်ကျော်လှတဲ့ သူ့ရဲ့ ယောက်ျားပီသတဲ့ ပုံစံဟာ ပျောက်ပျက်မသွားပါဘူး။

Source & Phtoos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ