International Celebrity: ပျော်ရွှင်မှုအတွက် Fast Food တွေ စားတဲ့ ဂျီဂျီဟက်ဒီး

ံHarper's Bazaar ရဲ့မျက်နှာဖုံးရှင်အဖြစ် ထပ်မံပါဝင်ရင်း သူမရဲ့နေ့စဉ်ဘဝကို ပြောပြခဲ့ပါတယ်။

play

 

Harper's Bazaar ရဲ့ အောက်တိုဘာလထုတ် မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် တက်ကြွလှပစွာ ပါဝင်ထားတဲ့ ဂျီဂျီဟက်ဒီးဟာ သူမရဲ့ စားသောက်နေုထိုင်မှု ပုံစံနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

play

 

နေ့စဉ် မနက် ၇ နာရီထတဲ့ ဂျီဂျီဟာ မနက်စာအဖြစ် နယူးယော့ခ်က The Smile ဆိုင်က ကြက်ဥမွှေကြော်၊ ဝက်ပေါင်ခြောက်နဲ့ ပေါင်မုန့်မီးကင်ကို အကြိုက်ဆုံးပါတဲ့။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဇေးမောလစ်က မနက်စာအဖြစ် ပဲတွေကို စားစေတယ်လို့ ဆိုပါတယ်။

play

 

အားကစားနေ့စဉ်လုပ်တဲ့ ဂျီဂျီဟာ လက်ဝှေ့လည်း ထိုးသလို ဘော်လီဘောကစားခြင်းနဲ့ မြင်းစီးခြင်းတို့ကိုလည်း နှစ်သက်သူဖြစ်ပါတယ်။

"ကျွန်မရဲ့ဆောင်ပုဒ်က ကျန်းမာဖို့အတွက် သန့်ရှင်းတဲ့အရာတွေကို စားပါ။ စိတ်မှန်ဖို့အတွက် ဘာဂါစားပါ" လို့ ဂျီဂျီက ပြောပြခဲ့ပါတယ်။ သူမဟာ နေ့လယ်စာအဖြစ် ဘာဂါကို မကြာခဏ စားပြီး သူမစိတ်ကို အလိုလိုက်သူပါ။

play

 

ဒါ့အပြင် Emack & Bolio's က ရေခဲမုန့်နဲ့ ပိုင်မုန့်တွေကိုလည်း သူမက ကြိုက်ပြန်ပါသေးတယ်။

ညဘက်ဆိုရင် တစ်ခါတစ်ရံမှာ သူငယ်ချင်းတွေနဲ့ အပြင်ထွက် ညစာစားသောက်စားတာတွေ လုပ်တတ်ပြီး သူမအကြိုက်ဆုံးက Bond Street က ဆူရှီဖြစ်တယ်လို့ ပြောပြပါတယ်။

play

 

ဒါပေမဲ့ သူမဟာ အိမ်မှာပဲနေပြီး ရုပ်ရှင်ကြည့်ရတာကိုလည်း နှစ်သက်ပြန်ပါသေးတယ်။

သူမဟာ Girls ဒါမှမဟုတ် Prison Break ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ပြီး အိပ်ရာဝင်တယ်လို့ ဆိုပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ