International Celebrity: ဘရတ်ပစ်ကို တရားစွဲမှာမဟုတ်ဘူးလို့ FBI အတည်ပြု

ဘာအမှုမှ တိုင်ကြားထားခြင်းမရှိဘူးလို့ သိရပါတယ်။

play

 

ဘရတ်ပစ်က သားဖြစ်သူကို သီးသန့်ဂျက်လေယာဉ်ပေါ်မှာ ဆူပူကြိမ်းမောင်းတယ်လို့ စွပ်စွဲခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားမစွဲဘူးလို့ FBI က အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

ယင်းကိစ္စဟာ FBI ကို တိုင်ကြးခြင်းမရှိသလို အစကတည်းက စုံစမ်းစစ်ဆေးခြင်းလည်း မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

အန်ဂျလီနာဂျိုလီနဲ့ ကွာရှင်းပြတ်ဆဲမှုကိစ္စတွေ ရှင်းလင်းနေရတဲ့ ဟောလိဝုဒ်မင်းသား ယခုနှစ်အစောပိုင်းမှာ ပြင်သစ်ကနေ အမေရိကကို အပြန် သီးသန့်လေယာဉ်ပေါ်မှာ ဘရတ်ပစ်က သူတို့ရဲ့ကလေး ၆ ယောက်ကို အော်ဟစ်ကြိမ်းမောင်းတယ်လို့ စွပ်စွဲခံထားရပါတယ်။

play

 

ဘရတ်ပစ်က အသက် ၁၅ နှစ်အရွယ် သား မက်ဒေါ့စ်ကို ရိုက်နှက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကလေးသူငယ်နှင့် မိသားစုဝန်ဆောင်မှု လော့ဆန်းဂျလိစ်ကောင်တီဌာနက စုံစမ်းစစ်ဆေးမှုစတင်နေပြီး ယင်းကိစ္စကို တရားစီရင်ပိုင်ခွင့်ရှိတဲ့ FBI ကို လွှဲအပ်လိုက်တယ်လို့ သိထားပါတယ်။

အခုတော့ ဒီအမှုကို ဘာမှ အရေးယူဆောင်ရွက်ထားခြင်းမရှိဘူးလို့ သိရပြန်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ