International Celebrity: အန်ဂျလီနာဂျိုလီနဲ့ သူမရဲ့ကလေးတွေ FBI နဲ့ တွေ့ဆုံ

ဘရတ်ပစ်ကို စွပ်စွဲထားတဲ့ ကလေးသူငယ်ညှင်းပန်းစက်မှုအတွက် စစ်ဆေးမေးမြန်းတာဖြစ်ပါတယ်။

play

 

အန်ဂျလီနာဂျိုလီနဲ့ သူမရဲ့ကလေးတွေဟာ အောက်တိုဘာလ ၁၈ ရက်မှာ ဘရက်ပစ်ကို စွပ်စွဲထားတဲ့ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် FBI အေးဂျင့်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဂျိုလီဟာ ဘရတ်ပစ်နဲ့ ကွာရှင်းဖို့အတွက် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကွာရှင်းခွင့်တင်ထားတာဖြစ်ပြီး ဒီလိုလုပ်ရတာဟာ မိသားစုအခြေအနေ ကောင်းမွန်စေဖို့အတွက်ဖြစ်တယ်လို့ သူမရဲ့ရှေ့နေ ရောဘတ်အော်ဖာက ဆိုပါတယ်။

play

 

စက်တင်ဘာလ ၁၄ ရက်က ပြင်သစ်ကနေ လော့ဆန်းဂျလိစ်ကိုအပြန် သီးသန့်လေယာဉ်ပေါ်မှာ ဟောလိဝုဒ်မင်းသား ဘရတ်ပစ်ဟာ ၁၅ နှစ်အရွယ် သား မက်ဒေါ့စ်နဲ့ စကားများကြပြီးနောက် ယင်းဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ကလေးညှင်းပန်းနှိပ်စက်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကလေးများနဲ့ မိသားစု ဝန်ဆောင်မှု အယ်လ်အေကောင်တီဌာနနဲ့ FBI  နှစ်ခုစလုံးက စုံစမ်းစစ်ဆေးနေပြီလို့လည်း သိရပါတယ်။

play

 

အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ FBI အေးဂျင့်နှစ်ဦးက ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးမျာရှိတဲ့ ဂျိုလီရဲ့အိမ်ကို သွားရောက်ခဲ့ပြီး သူမနဲ့ ကလေးငယ်တွေကို သုံးနာရီကြာ မေးမြန်းခဲ့တယ်လို့ TMZ သတင်းဌာနက ရေးသားထားပါတယ်။

Source & Photos: ocean

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ