International Celebrity: င်္FBI ရဲ့ လေးနာရီကြာ မေးမြန်းခြင်းခံခဲ့ရတဲ့ အန်ဂျလီနာဂျိုလီ

ဘရတ်ပစ်ရဲ့အမှုအတွက် မေးမြန်းတာ ဖြစ်ပါတယ်။

play

 

ပြင်သစ်ကနေ ကယ်လီဖိုးနီးယားအပြန် သီးသန့်လေယာဉ်ပေါ်မှာ ဘရတ်ပစ်ဟာ အသက် ၁၅ နှစ်အရွယ် သား မက်ဒေါ့စ်ကို ကိုယ်ထိလက်ရောက်ပြုမူတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာ ဖြစ်ပါတယ်။

ကလေးတွေနဲ့ စကားပြောခဲ့တဲ့ FBI အေးဂျင့် နှစ်ဦးနဲ့ ဂျိုလီက အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

play

 

"လေယာဉ်ထွက်ချိန်ကနေ ဆင်းချိန်အထိ ဖြစ်ပျက်သမျှအားလုံးကို အေးဂျင့်တွေက သိချင်တယ်။ ကိုယ်ထိလက်ရောက်ပြုမူမှုနဲ့ စွဲချက်တင်နိုင်မလားဆိုတာကို ရှာဖွေနေတာပါ" ဟု USWeekly.com မှာ ဖော်ပြထားပါတယ်။

လော့ဆန်းဂျလိစ် ကလေးသူငယ်နှင့် မိသားစု ဝန်ဆောင်မှုဌာနက ဒီအမှုကို ပိတ်လိုက်တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မပိတ်ခဲ့သေးဘဲ အသေအချာစုံစမ်းနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ