International Celebrity: Ferrari ပြိုင်ကား ဆင်တူဝယ်စီးလိုက်တဲ့ ကန်ဒဲလ်နဲ့ ကိုင်လီ

ကန်ဒဲလ်နဲ့ ကိုင်လီက နောက်ဆုံးဝယ်လိုက်တဲ့ တန်ဖိုးကြီးကားတွေကို ထုတ်ကြွားလိုက်ပါတယ်။

play

 

တန်ဖိုးကြီး Ferrari piders အမိုးပွင့်ကား ဆင်တူဝယ်လိုက်ကြတဲ့ ကန်ဒဲလ်ဂျန်နာနဲ့ ကိုင်လီဂျန်နာ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ကားသစ်တွေက Snapchat ကနေ ထုတ်ကြွားလိုက်တာ ဖြစ်ပါတယ်။

play

 

"Sister Spiders" လို့ ရေးပြီး အသက် ၁၉ နှစ်အရွယ် ကိုင်လီက သူတို့ရဲ့ အနက်နဲ့ ငွေရောင် အမိုးဖွင့်ပြိုင်ကားတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။

play

 

အီတာလျံကားဖြန့်ချိရေးကုမ္ပဏီရှေ့မှာ အသက် ၂၀ အရွယ် ကန်ဒဲလ်ဟာ Ferrari တံဆိပ်တပ်ထားတဲ့ တီရှပ်ကို ဝတ်၊ လျှာထိုးဦးထုပ်ကို ဆောင်းကာ ကော်ဖီခွက်နဲ့ ကီးချိန်းလေးကို ကိုင်လို့ ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။

play

 

တန်ဖိုးကြီးလှတဲ့ ဇိမ်ခံကားသစ်ကြီးတွေ ဝယ်စီးလိုက်ကြတဲ့ သူတို့ညီအစ်မနှစ်ယောက်ဟာ လိုချင်တာရတဲ့ ကလေးလေးတွေလို ပျော်ရွှင်ကျေနပ်နေကြပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ