International Celebrity: ဆံပင်အဆွဲခံလိုက်ရပြီး ပစ်လဲသွားတဲ့ Fifth Harmony အဖွဲ့ဝင် အယ်လီဘရွတ်ခ်

အယ်လီဘရွတ်ခ်ဟာ အခုတလော ကံဆိုးနေပါတယ်။

play

 

Fifth Harmony အဆိုတော် အယ်လီဘရွတ်ခ်ဟာ တစ်ပတ်အတွင်းမှာပဲ နှစ်ကြိမ် တိုက်ခိုက်ခံလိုက်ရပါတယ်။

အယ်လီဟာ လေဆိပ်တစ်ခုမှာ အရမ်းကို စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တစ်ဦး ခုန်အုပ်တာကို ခံခဲ့ရပြီး ရက်အနည်းငယ်အကြာ စက်တင်ဘာလ ၂၉ ရက်ကလည်း မက္ကဆီကိုမှာ ဖျော်ဖြေနေစဉ်အတွင်း  ပရိသတ်တစ်ဦးကြောင့် ပစ်လဲကျသွားခဲ့ရပြန်ပါတယ်။

play

 

ယင်းပရိသတ်က အယ်လီသီဆို ဖျော်ဖြေနေစဉ်အတွင်း သူမဆီ ပြေးသွားခဲ့ပြီးနောက် လုံခြုံရေးက ဝင်ရောက်တားဆီးခဲ့ရပါတယ်။

play

 

ထိုလူက အယ်လီကို ပွေ့ဖက်ခဲ့ပြီး လုံခြုံရေးက သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားစဉ်မှာ အယ်လီရဲ့ ဆံပင်တွေက ဒရွတ်တိုက် ပါသွားခဲ့တာပါ။ အဲဒီနောက် သူမဟာ ပစ်လဲကျသွားခဲ့ပြီး သူမအဖြစ်ကို အဖွဲ့ဝင်တွေက ရပ်ကြည့်နေကြပါတယ်။

play

 

ဒါပေမဲ့ အယ်လီဟာ ကျွမ်းကျင်အဆိုတော်တစ်ယောက်ပီပီ ချက်ချင်း အိနြေ္ဒပြန်ဆည်ကာ ဆက်လက် ဖျော်ဖြေပေးခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ