International Celebrity: Fifty Shades ဇာတ်ကား ထပ်မရိုက်တော့ဘူးလို့ ဂျေမီဒေါ်နမ်ပြော

လက်ရှိမှာတော့ Fifty Shades သုံးကားကို သရုပ်ဆောင်ခဲ့ပြီးပါပြီ။

play

 

၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fifty Shades of Grey ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် ဂျေမီဒေါ်နမ်က နောက်ထပ် Fifty Shades ဇာတ်ကားတွေ ထပ်မရိုက်တော့ဘူးလို့ ပြောလာပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ် အိုင်းရစ်မင်းသားက လက်ရှိမှာတော့ Fifty Shades သုံးကားကို သရုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒုတိယမြောက်ဇာတ်ကား Fifty Shades Darker နဲ့ တတိယမြောက်ဇာတ်ကား Fifty Shades Freed တို့ကို သြဂုတ်လကမှ ရိုက်ကူးထားခဲ့တာပါ။

play

 

စာရေးဆရာမ EL James က Fifty Shades စာအုပ် သုံးအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့ပြီး လိင်အသားပေးစာအုပ်တွေဟာ ရောင်းမလောက်ဖြစ်ခဲ့ရာကနေ ရုပ်ရုပ်အဖြစ်နဲ့ အသက်သွင်းခဲ့ပါတယ်။ အကယ်၍ စာရေးသူက စတုတ္ထမြောက် Fifty Shades စာအုပ်ကိုထုတ်ဝေပြီး ဇာတ်ကားထပ်ရိုက်မယ်ဆိုရင်တော့ ဂျေမီဒေါ်နမ်က ပါဝင်တော့မှာမဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ