International Celebrity: ခမ်းနားလွန်းတဲ့ ဒေါ်လာ ၇ သန်းတန် တိုက်သစ်ကြီးကို ဝယ်လိုက်တဲ့ Fifty Shades of Grey စာရေးဆရာမ

တကယ့်ကို ဇိမ်ခံတိုက်ကြီးတစ်လုံးပါပဲ။

play

 

အညှီအဟောက်ဝတ္ထုစာရေးဆရာမ EL James ဟာ သူမရေးသားတဲ့ Fifty Shades ဇာတ်လမ်းတွဲရဲ့ နမူနာ ထွက်ရှိလာပြီးတဲ့နောက် လော့ဆန်းဂျလိစ်မှာ အိပ်ခန်း ၅ ခန်းပါ တိုက်ကြီးတစ်လုံးကို ဒေါ်လာ ၇ သန်းနဲ့ ဝယ်ယူလိုက်ပါတယ်။

play

 

၅,၆၁၆ စတုရန်းပေရှိတဲ့ ခြံဝင်းကျယ်နဲ့ တိုက်ကြီးမှာ ရေချိုးခန်း ၇ ခန်း၊ မီဒီယာခန်းတစ်ခန်း၊ စာဖိုးမှူးသုံး မီးဖိုဆောင်တစ်ခု၊ ဘားတစ်ခုနဲ့ တစ်မြို့လုံးကို မြင်တွေ့နိုင်တဲ့ ရှုခင်းကောင်းကောင်းတို့ ရှိပါတယ်။

play

 

အတွင်းခန်းတွေ ခမ်းနာကြီးကျယ်လှတဲ့ ဒီအိမ်ကြီးရဲ့ အဓိက ထူးခြားချက်ကတော့ လော့ဆန်းဂျလိစ်တစ်မြို့လုံးကို အပေါ်စီးကနေ မြင်တွေ့နိုင်ခြင်းပဲ ဖြစ်တယ်လို့ ယင်းအိမ်ကြီးကို ရောင်းချပေးခဲ့တဲ့ Telesproperties အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ