International Celebrity: ဇေးမောလစ်ခ်နဲ့ ဂျီဂျီဟက်ဒီးတို့ အချစ်ဇာတ်လမ်းက Fifty Shades of Grey လိုပဲလား

ဇေးမောလစ်ခ်ကို သတင်းထောက်တစ်ယောက်က မေးခဲ့တာ ဖြစ်ပါတယ်။

play

 

Fifty Shades Darker ရဲ့ဇာတ်ဝင်တေးတစ်ပုဒ်ကို တေလာဆွစ်နဲ့အတူ ဖန်တီးခဲ့တဲ့ ဇေးမောလစ်ခ်ဟာ အဲဒီမေးခွန်း အမေးခံရချိန်မှာ အားရပါးရကြီးကို ရယ်မောခဲ့ပါတယ်။

ဇေးဟာ တေလာဆွစ်နဲ့အတူ Fifty Shades Darker အတွက် I Don't Want to Live Forever သီချင်းကို သီဆိုခဲ့ပေမဲ့လည်း ပထမဇာတ်ကား Fifty Shades of Grey ကို မကြည့်ဖူးသလို ဝတ္ထုကိုလည်း မဖတ်ဖူးဘူးလို့ ဆိုပါတယ်။

play

 

စူပါမော်ဒယ် ဂျီဂျီဟက်ဒီးနဲ့ ချစ်သူတွေဖြစ်တဲ့ ဇေးရဲ့ အချစ်ရေးက အဲဒီဇာတ်ကားလိုဖြစ်မလားလို့ သတင်းထောက်က မေးစဉ်မှ ဇေးတစ်ယောက် အူလှိုက်သည်းလှိုက်ရယ်မောနေတာက စကားလုံးတွေထက် ပိုမိုထိရောက်တဲ့အဖြေပဲလို့ ဆိုရလေမလားပါပဲ။

"သဘောကျတယ်" လို့ ဇေးက ရယ်ရှိန်သတ်ပြီး ရိုးရိုးလေးပဲ ပြန်ပြောခဲ့ကာ အကြောင်းအရာကို ပြောင်းလဲလိုက်ပါတယ်။

play

 

ဂျီဂျီ့ကို ရဖို့ ဘယ်လိုများ ပိုးပန်းခဲ့သလဲလို့ အမေးခံရချိန်မှာ ဇေးတစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပြန်ပါတယ်။

"သူ့ကို မေးကြည့်ပါလား" လို့ ပြန်ဖြေခဲ့ပြီး ခဏနေမှ သူတို့ရဲ့အချစ်ဇာတ်လမ်းအစကို ပြောပြခဲ့ပါတယ်။

"သူ့ကို ဒီလိုပဲ တည့်မေးလိုက်တာပါပဲ။ ကျွန်တော်နဲ့ ဒိတ်လုပ်ချင်သလားလို့ မေးလိုက်တယ်။ အဲဒီတုန်းက ကျွန်တော်က နယူးယော့ခ်မှာ" လို့ ဇေးက ဆိုပါတယ်။

play

 

သူတို့တွေ့ဆုံတာဟာ ပွဲတစ်ခုမှာလားဆိုတဲ့ မေးခွန်းကို သတင်းထောက်က မေးမြန်းစဉ်မှာလည်း ဇေးတစ်ယောက် မဖြေချင်ခဲ့ပါဘူး။

"ဆိုပါတယ်။ အသေးစိတ်တော့ မပြောပြချင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ တွေ့တယ်၊ စကားပြောတယ်၊ ဒိတ်လုပ်တယ်ပေါ့" လို့ ဇေးက အတိုချုံးသာ ဖြေခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂျီဂျီဟက်ဒီးကလည်း သူမဟာ One Direction ပရိသတ်မဟုတ်ကြောင်း ဝန်ခံခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူမက ဇေးမောလစ်ခ်ရဲ့ တစ်ကိုယ်တော်သီချင်းတွေကို ပိုကြိုက်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ