International Celebrity: အင်စတာဂရမ်မှာ Follower သန်း ၁၀၀ ပထမဆုံးရရှိသူဖြစ်လာတဲ့ ဆယ်လီနာဂိုးမက်

ဓာတ်ပုံမျှဝေတဲ့ လူမှုကွန်ရက်မှန်သမျှမှာ follower အများဆုံးရတဲ့ လူပုဂ္ဂိုလ်လည်း ဖြစ်လာပါတယ်။

play

 

အမေရိကန် အဆိုတော်၊ သရုပ်ဆောင်လေး ဆယ်လီနာဂိုးမက်ဟာ အင်စတာဂရမ်ပေါ်မှာ follower အများဆုံး ရရှိသူဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်ကို follow ပြုလုပ်သူအရေအတွက်ဟာ စက်တင်ဘာနောက်ဆုံးရက်သတ္တပတ်မှာပဲ သန်း ၁၀၀ ကျော်လွန်သွားခဲ့ပါပြီ။

play

 

Follower သန်း ၁၀၀ အထိ ရလာပေမဲ့ သူမရဲ့အကောင့်ပေါ်မှာ ပို့စ်ပေါင်း ၁၂၃၉ ခုသာ တင်ထားခဲ့တာပါ။ သြဂုတ်လနောက်ပိုင်းမှာလည်း ပို့စ်အသစ် ထပ်မတင်ဖြစ်ခဲ့ပါဘူး။ ဆယ်လီနာဟာ Lupas လို့ခေါ်တဲ့ မိမိရဲ့ကိုယ်ခံအားစနစ်က မိမိကိုယ်ကိုယ်ပြန်တိုက်ခိုက်တဲ့ ရောဂါကြောင့် လက်ရှိမှာ အနုပညာအလုပ်တွေကို နားထားရပါတယ်။

play

အင်စတာဂရမ်ပေါ်မှာ ဆယ်လီနာက follower ပေါင်း သန်း ၁၀၀ ရရှိထားသလို သူမရဲ့ အခင်ဆုံးသူငယ်ချင်း တေလာဆွစ်က follower ၉၁.၅ သန်း၊ ဘီယွန်းဆေးက follower ၈၅.၄ သန်း၊ ကင်မ်ကာဒါရှီယန်က follower ၈၃.၇ သန်းစီ ပိုင်ဆိုင်ထားကြပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ