International Celebrity: မိန်းမအသွင် ပြင်ဆင်ထားတဲ့ G-Dragon

ဘယ်လာဟက်ဒီးထက်တောင် ပိုပြီးသိမ်မွေ့နေပြန်ပါသေးတယ်။

play

တရုတ်နိုင်ငံရဲ့ Vogue မဂ္ဂဇင်း သြဂုတ်လထုတ်မှာတော့ နာမည်ကျော် ပြည်ပအနုပညာရှင်နှစ်ဦးကို မျက်နှာဖုံးတင်ထားပါတယ်။

တောင်ကိုရီးယားရဲ့ နာမည်ကျော်အဆိုတော် G-Dragon နဲ့ စူပါမော်ဒယ် ဘယ်လာဟက်ဒီးတို့ ဖြစ်ပါတယ်။ G-Dragon ရဲ့အသွင်ကတော့ မြင်နေကြပုံစံနဲ့ ကွဲထွက်နေပါတယ်။

ဖက်ရှင်ဒီဇိုင်းတွေက လိင်ခွဲခြားမှုတွေကို ဆန့်ကျင်ကာ မိန်းမဆန်တဲ့အသွင်ဘက်ကို ဦးတည်ပြင်ဆင်ထားတာပါ။ အနက်ရောင်မျက်လုံးနဲ့ မျက်ခုံးတွေက Gothic ဆန်နေပြီး နှုတ်ခမ်းနီခရမ်းရောင်ကိုလည်း ဆိုးထားပါတယ်။

play

 

ဘယ်လာနဲ့ အတူတွဲရိုက်ထားတဲ့ပုံမှာတော့ တရုတ်ရဲ့ ကံကောင်းခြင်းအရောင်ဖြစ်တဲ့ အနီရောင်ကို ဝတ်ဆင်ကာ အတူယှဉ်တွဲပြီး ရိုက်ကူးထားပါတယ်။ ပုံထဲမှာတော့ G-Dragonက ဘယ်လာထက်တောင် ပိုပြီးသိမ်မွေ့နေပြန်ပါသေးတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ