International Celebrity: ဝန်ကြီးချုပ်ဆီက အထူးဆုချီးမြှင့်ခံရမယ့် G-Dragon

အောက်တိုဘာ ၂၇ ရက်နေ့ အခမ်းအနားမှာ ဆုလက်ခံရရှိမှာပါ။

play

 

တောင်ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး အမျိုးသားအဆိုတော်အဖွဲ့ Big Bang ရဲ့ အဖွဲ့ခေါင်းဆောင် G-Dragon ကို ဝန်ကြီးချုပ်က အထူးဆုတစ်ဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

play

ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွား ဝန်ကြီးဌာနက ကျင်းပပြုလုပ်တဲ့ ၂၀၁၆ ပေါ့ပ် ယဉ်ကျေးမှုနဲ့ အနုပညာဆုပေးပွဲမှာ G-Dragon က ဆုလက်ခံရရှိမှာပါ။ ဒီဆုပေးပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ပြီး အနုပညာနယ်ပယ်သားတွေကို ဆု ၃၀ ပေးအပ်လေ့ရှိပါတယ်။

play

 

G-Dragon ကတော့ ကိုရီးယားအနုပညာရှင်တစ်ဦးအနေနဲ့ ဂီတ၊ ဖက်ရှင်နဲ့ အခြားနယ်ပယ်တွေမှာပါ ထိပ်ဆုံးရောက်အောင် ပေါက်မြောက်ခဲ့တဲ့အတွက် ဆုရချီးမြှင့်တာဖြစ်ပါတယ်။

Source : Korean Update

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ