International Celebrity: ဒါရာရဲ့ ခေါင်းကို ငုံ့နမ်းလိုက်တဲ့ G-Dragon

ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

play

 

G-Dragon က များပြားလှတဲ့ လူအုပ်ကြီးကို ဖြတ်ကာ ဒါရာ (ဆန်ဒရာပါ့ခ်)ကို ဂရုတစိုက်တွဲပြီး သူတို့ရဲ့ကားဆီကို သွားနေတဲ့ ဗီဒီယိုဖိုင်နဲ့  ဒါရာရဲ့ ခေါင်းကို ငုံ့နမ်းနေတဲ့ ဗီဒီယိုဖိုင်တိုလေးနှစ်ခု ထွက်ပေါ်လာခဲ့တာပါ။

play

 

ဗီဒီယိုတွေထဲမှာ မိန်းကလေးရဲ့မျက်နှာကို ကာထားတဲ့အတွက် ဒါရာ ဟုတ်မဟုတ်ဆိုတာ မသေချာပေမဲ့ အဲဒီညက BIGBANG ပွဲမှာ ရိုက်ကူးထားတဲ့ ဒါရာရဲ့ပုံအရ ဗီဒီယိုတွေထဲက မိန်းကလေးဆိုတာ သူမဆိုတာ သေချာသလောက် ရှိပါတယ်။

 

ရှိုးပွဲပြီးချိန်မှာ BIGBANG အဖွဲ့ဟာ အနောက်ပေါက်ကနေ ထွက်ခွာခဲ့ပြီး အဲဒီနေရာမှာ လူအုပ်ကြီးက သူတို့ကို စောင့်နေခဲ့ပါတယ်။ အမျိုးသားဘော်ဒီဂတ်တွေက ပရိသတ်တွေကို ကျယ်ကျယ်လောင်လောင် အော်ဟစ်နေသံကို ကြားရပြီး ကျန်တဲ့ BIGBANG အဖွဲ့သားတွေက ရှေ့ကနေ ထွက်ခွာနေကာ G-Dragon ကတော့ ဒါရာကို ပွေ့ဖက်ထားပြီး နောက်ကနေ လိုက်လာနေပါတယ်။

 

ဗီဒိယိုဖိုင်ဟာ စက္ကန့်ပိုင်းသာ ကြာပေမဲ့ G-Dragon က ဒါရာရဲ့ ခေါင်းကို ငုံ့နမ်းသလို ပုံစံဖြစ်သွားတာကို ပရိသတ်က ချက်ချင်း သတိထားမိခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ပါတဲ့ မိန်းကလေးပုံစံက အဲဒီညက ရှိုးပွဲကို ရောက်လာတဲ့ ဒါရာရဲ့ အဝတ်အစား၊ ဆံပင်စတိုင်ကအစ တူညီနေတဲ့အတွက် သူမဆိုတာ သေချာနေပါတယ်။

play

 

G-Dragon ဟာ မော်ဒယ် ကီကိုမီဇူဟာရာနဲ့ တွဲနေတယ်လို့ သတင်းတွေ ထွက်ခဲ့ကာ အခု သူမနဲ့ ပြတ်သွားပြီလို့ သတင်းထက်ထွက်လာပြီးတဲ့နောက် G-Dragon နဲ့ ဒါရာတို့ ပြန်တွဲနေကြပြီဆိုတဲ့ သတင်း ထပ်မံထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Source & Photos : kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ