International Celebrity: G-Dragon ရဲ့ ပရိသတ်တွေက ပရဟိတလုပ်ငန်းတွေကို ဒေါ်လာ တစ်သိန်းကျော် လှူဒါန်းခဲ့

G-Dragon အပေါ် ချစ်ခင်မှုကို လှူဒါန်းမှုနဲ့ ပြသခဲ့ကြပါတယ်။

G-Dragon ရဲ့ပရိသတ်တွေဟာ သူတို့ချစ်တဲ့ idol ကို ထောက်ခံအားပေးဖို့အတွက် အမြဲတမ်း ကြိုးစားခဲ့ကြသူတွေပါ။ ဒါ့အပြင် သူတို့ရဲ့ချစ်ခင်မှုကို လှူဒါန်းမှုတွေ အများအပြားပြုလုပ် ပြသခဲ့ကြပါတယ်။

play

 

G-Dragon ဟာ အမြဲတမ်း စတိုင်ကျတဲ့ ရက်ပါတစ်ယောက်လို့ အားလုံးက သိထားကြပါတယ်။ သူဟာ အရမ်းယဉ်ကျေးသိမ်မွေ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လှူဒါန်းမှုအမျိုးမျိုးကို ပြုလုပ်တတ်တဲ့ G-Dragon ရဲ့အကျင့်လေးက သူ့ရဲ့ပရိသတ်တွေဆီလည်း ကူးဆက်သွားခဲ့ပါတယ်။

G-Dragon ရဲ့ပရိသတ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Always GD အဖွဲ့က ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း သူတို့ရဲ့လှူဒါန်းမှုစာရင်းကို တွစ်တာကနေ ပြသခဲ့ကြပါတယ်။

 

သူတို့အဖွဲ့တစ်ဖွဲ့တည်းကတင် ၃ နှစ်အတွင်းမှာ ကိုရီးယား ဝမ်ငွေ ၁၃၀,၅၀၁,၅၀၆ (၁၁၆,၇၇၃ ဒေါ်လာ) လှူဒါန်းခဲ့ကြပါတယ်။

G-Dragon အပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာက ကမ္ဘာလောကကြီးအတွက် ကောင်းတာတွေလုပ်ဖို့ တွန်းအားပေးနေပြီး သူတို့ချစ်တဲ့ idol ရဲ့နာမည်ဂုဏ်သတင်း ပိုမိုကြီးစေဖို့ ပြုလုပ်နေကြတာဖြစ်ပါတယ်။

play

 

ယင်းအဖွဲ့ဝင်တွေကလည်း သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် ဂုဏ်ယူနေကြပြီး G-Dragon တစ်ယောက်လည်း ဂုဏ်ယူနေမှာ အမှန်ပါပဲ။

Source & Photos : Koreaboo

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ