International Celebrity: G-Dragon ရဲ့ ရှိုးပွဲမှာ ပါဝင်ဖျော်ဖြေမယ့် ဒါရာ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာပါ။

ဆန်ဒရာပါ့ခ် (ဒါရာ) ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် G-Dragon ရဲ့ရှိုးပွဲမှာ ဧည့်သည်အဖြစ် ပါဝင်သီဆိုမှာ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

play

 

ဒါရာဟာ ဧည့်သည်အဆိုတော်အဖြစ် ပါဝင်သီဆိုမှာဖြစ်တယ်လို့ YG Entertainment က အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါဟာဆိုရင် သူတို့နှစ်ဦးအတွက် ၈ နှစ်အတွင်းမှာ ပထမဆုံး အတူတွဲသီဆိုမှုလည်း ဖြစ်လာမှာပါ။

G-Dragon ၂၀၀၉  ရှိုးပွဲ  Shine A Light မှာ ဒါရာဟာ G-Dragon နဲ့ နောက်ဆုံး အတူတွဲ သီဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ ဖြန့်ချိခဲ့တဲ့ “Hello” သီချင်းမှာလည်း သူတို့နှစ်ယောက် အတူတွဲ သီဆိုခဲ့ပါသေးတယ်။

play

 

သူတို့နှစ်ယောက်ဟာ ဟိုးယခင်ကတည်းက ခင်မင်ရင်းနှီးသူများဖြစ်ပြီး အနုပညာအလုပ်တွေ စလုပ်တော့လည်း အေဂျင်စီတစ်ခုတည်းပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ဦး ချစ်သူတွေဖြစ်နိုင်တယ်လို့ မနှစ်ကတည်းက ထင်ကြေးတွေ ပေးနေကြပါတယ်။  အဲဒီထင်ကြေးတွေက မမှန်ကန်ကြောင်း နှစ်ယောက်စလုံးကက ငြင်းဆန်ကြပေမဲ့လည်း G-Dragon နဲ့ ဒါရာဟာ လူရှေ့သူရှေ့တွေမှာ အရမ်းကို တရင်းတနှီးရှိနေခဲ့ကြပါတယ်။

play

 

ဒါရာဟာ ဖိလစ်ပိုင်မှာ သူမရဲ့ဖျော်ဖြေရေးတွေကို ပြုလုပ်နေပြီးဖြစ်ပြီး အရမ်းလည်း အောင်မြင်နေပြီဖြစ်ပါတယ်။ သူမရဲ့အေဂျင်စီက အနုပညာရှင်တွေ ဖိလစ်ပိုင်ကို လာရောက်လည်ပတ်တိုင်းလည်း ဒါရာဟာ ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။

G-Dragon ရဲ့ ရှိုးပွဲ Act III: Motte ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ စက်တင်ဘာလ ၁ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။

Source: SportsSeoul

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ