International Celebrity: G.I. Joe 3 မှာ ပါဝင်ဦးမယ့် လီဗြောင်ဟွန်း

ဒရာမာခန်းတွေပိုင်နိုင်သူ လီဗြောင်ဟွန်းက အဖြူရောင်နင်ဂျာအဖြစ်နဲ့ အက်ရှင်ခန်းတွေမှာ သရုပ်ဆောင်ပြန်တော့လည်း ပရိသတ်တွေသဘောကျခဲ့ရပါတယ်။

play

တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်းဟာ G.I. Joe ဇာတ်ကားရဲ့ တတိယမြောက်ဇာတ်ကား G.I. Joe 3 မှာပါ ဆက်လက်ပါဝင်ဦးမှာဖြစ်ပါတယ်။

play

လီဗြောင်ဟွန်းဟာ ယခင် G.I. Joe ဇာတ်ကားနှစ်ကားမှာ Storm Shadow အဖြစ် ပါဝင်ခဲ့တာပါ။ ဒရာမာခန်းတွေပိုင်နိုင်သူ လီဗြောင်ဟွန်းက အဖြူရောင်နင်ဂျာအဖြစ်နဲ့ အက်ရှင်ခန်းတွေမှာ သရုပ်ဆောင်ပြန်တော့လည်း ပရိသတ်တွေသဘောကျခဲ့ရပါတယ်။

play

 

G.I. Joe ပထမဇာတ်ကား The Rise of Cobra ကို ၂၀၀၉ ခုနှစ်မှာ စတင်ပြသခဲ့ပြီး ဒုတိယဇာတ်ကား Retaliation ကိုတော့ ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပါတယ်။ တတိယမြောက် G.I. Joe အတွက်ကိုတော့ နာမည်အတည်မပြုရသေးဘူးလို့ သိရပါတယ်။ ဇာတ်ကားမှာပါဝင်တဲ့ ဒွိန်းဂျွန်ဆင်နဲ့ ရိုက်ရက်ညှိနှိုင်းနေဆဲဖြစ်တာကြောင့် ရိုက်ကူးမယ့်ရက်ကိုလည်း နောက်ဆုတ်ထားရပါတယ်။

Source : Film

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ