International Celebrity: Ghost ဇာတ်ကားနဲ့အတူ အောင်မြင်ခဲ့တဲ့ မင်းသမီး

play

 

ဟောလိဝုဒ်ရဲ့ အလှနတ်ဘုရားမတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မော်ဒယ်မင်းသမီးချော ဒမ်မီမိုးဟာ မက္ကဆီကိုမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အနုပညာလောကထဲကို ၁၉၈၀ မှာ စတင်ဝင်ရောက်ခဲ့သူပါ။

play

 

တေးသီချင်းပိုင်းနဲ့ပတ်သက်ပြီး ခြေလှမ်းတွေစတင်ခဲ့တဲ့ သူမဟာ ၁၉၈၁ မှာ Choices ဆိုတဲ့ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၀ မှာတော့ Ghost ဒရာမာရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပြီး အလွန်အောင်မြင်ခဲ့ပါတယ်။ သူမဟာ အဲ့ဒီ့နောက်မှာတော့ ရုပ်ရှင်ဇာတ်ကားများစွာမှာ ဆက်လက် သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ Disclosure, The Scarlet Letter, G.I. Jane, Passion of Mind ဇာတ်ကားတွေကတော့ ၂၀၀၀ ခုနှစ်မတိုင်ခင် ဒမ်မီမိုး သရုပ်ဆောင်ခဲ့တဲ့ လူသိများတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာလည်း Charlie's Angels: Full Throttle, LOL, Very Good Girls ရုပ်ရှင်ဇာတ်ကားတွေနဲ့လည်း ဆက်လက်အောင်မြင်ခဲ့ပါတယ်။

 

မော်ဒယ်အဖြစ်လည်း မကြာခဏ တွေ့မြင်ရလေ့ရှိတဲ့ သူမဟာ နက်မှောင်တဲ့ဆံကေသာနဲ့ ညှို့အားပြင်းတဲ့မျက်လုံးတို့ကြောင့် ပုရိသတွေရဲ့ အားပေးမှုကို ပိုမိုရရှိတဲ့ မင်းသမီးတစ်ဦးဆိုလည်း မမှားပါဘူး။ အဆိုတော် ဖရက်ဒီမိုး၊ မင်းသားကြီး ဘရုစ်ဝီလီတို့နဲ့ အိမ်ထောင်ကျခဲ့ဖူးတဲ့သူမဟာ သူမထက် ၁၅နှစ်ငယ်တဲ့ မင်းသား အက်ရှတန်ကူချာနဲ့လည်း ချစ်ကြိုးသွယ်ပြီး ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ပါသေးတယ်။ ၂၀၁၃ မှာ အက်ရှတန်နဲ့တရားဝင် ကွာရှင်းပြတ်စဲခဲ့တဲ့ ဒယ်မီဟာ သားသမီး ၃ယောက်ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဦးလည်း ဖြစ်ပါတယ်။

Source : Wikipedia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ