International Celebrity: မည်သည့်အမျိုးသမီးဆယ်လီနဲ့မျှ မရင်းနှီးဘူးဆိုတဲ့ Girl's Day အဖွဲ့ဝင် ဆိုဂျင်း

ကျွန်မကို ဘယ်အမျိုးသမီးဆယ်လီနဲ့ ရင်းနှီးသလဲလို့ မေးတယ်။

play

 

Girl's Day အဖွဲ့ဝင် ဆိုဂျင်းက သူမနဲ့ ဆယ်လီအမျိုးသမီးတွေကြား ရင်းနှီးမှုမရှိကြောင်းကို ရုပ်သံအစီအစဉ်တစ်ခုမှာ ထုတ်ပြောသွားပါတယ်။ ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ V အစီအစဉ်မှာ သူမရဲ့ အထီးကျန်ရပုံကို ပြောသွားခဲ့တာပါ။

play

 

" မကြာသေးခင်က ရုပ်သံအစီအစဉ်တစ်ခုအတွက် အစည်းအဝေးကို ကျွန်မ သွားခဲ့တယ်။ ဝန်ထမ်းတစ်ယောက်က ကျွန်မကို ဘယ်အမျိုးသမီးဆယ်လီနဲ့ ရင်းနှီးသလဲလို့မေးတယ်။ ကျွန်မက ဖြေမယ်အလုပ် Girl's Day အဖွဲ့ဝင်မဟုတ်တဲ့ အခြားအမျိုးသမီးဆယ်လီတွေထဲကလို့ ဆက်မေးတော့ ကျွန်မမှာ ဘာမှမပြောနိုင်တော့ဘူး။ အထီးကျန်တယ်လို့ ခံစားမိတယ်" ဆိုပြီး ဆိုဂျင်းက သူမရဲ့ဝမ်းနည်းမှုကို ရင်ဖွင့်ခဲ့ပါတယ်။

play

 

Girl's Day အဖွဲ့ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လက Ring My Bell သီချင်းကို နောက်ဆုံးထွက်ရှိခဲ့ပြီး ရှေ့နှစ်မှာတော့ သီချင်းသစ်တွေ ထွက်ရှိမယ်လို့လည်း သိရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ