တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး အဆိုတော်အဖွဲ့ Girls' Generation ရဲ့ အဖွဲ့ဝင်တစ်ဦးကို တရုတ်ဒရာမာဇာတ်လမ်းမှာ အမျိုးသမီးသူရဲကောင်းအဖြစ်နဲ့ မြင်ရတော့မှာပါ။
အဖွဲ့ဝင် ၈ ဦးထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ဆိုဟွန်းက Canvas the Emperor ဇာတ်ကားမှာ အမျိုးသမီးခေါင်းဆောင် ဒေါင်ပုတီအဖြစ် ပါဝင်မယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ လူသိများတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံရိုက်ကူးမယ့်ဇာတ်ကားဖြစ်ပါတယ်။
ဆိုဟွန်းအနေနဲ့ ဒရာမာကားတစ်ကားမှာ အဓိကျတဲ့နေရာကနေ သရုပ်ဆောင်ရတာ ပထမဆုံးပါပဲ။ ၂၀၁၃ ခုနှစ်က Passionate Love ဇာတ်ကားမှာ စတင်ပါဝင်ခဲ့ဖူးပေမဲ့ အရံနေရာကပဲ ပါခဲ့ရတာပါ။ Canvas the Emperor မှာ အခြားတောင်ကိုရီးယားသရုပ်ဆောင်တွေဖြစ်တဲ့ ဆောင်ဟာယွန်း၊ ဘတ်ဂျွန်ဆိုးနဲ့ ချွိုင်ယွန်ဆိုတို့လည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။
Source : Yonhap