နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကားသုံးစီး ဆင့်တိုက်မှုဟာ တေးယွန်ရဲ့ အမှားဖြစ်ကြောင်း Girls' Generation ရဲ့ အေဂျင်စီ SM Entertainment က သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

play

 

"ဒီနေ့ည ၇ နာရီ ၄၀ ခန့်မှာ တေးယွန်က ကိုယ်ရေးကိုယ်တာကိစ္စနဲ့ Nonhyun-dong အနီးမှာရောက်ခဲ့တာဖြစ်ပြီး အဲဒီမှာ သူမရဲ့ မဆင်မခြင် မောင်းနှင်မှုကြောင့် ကာားအက်ဆီးဒင့်ဖြစ်ခဲ့ပါတယ်။ ယာဉ်မောင်းတွေအတွက် သူမက အရမ်းကို စိတ်မကောင်းဖြစ်နေပြီ။ တက္ကစီမှာလိုက်ပါလာတဲ့ ခရီးသည်တွေအတွက် ယာဉ်တိုက်မှုကြောင့် ဖြစ်ပေါ်တဲ့ကိစ္စတွေကို သူမက အကောင်းဆုံး လုပ်ဆောင်ပေးပါလိမ့်မယ်" လို့ SM Entertainment က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် တေးယွန်တစ်ယောက် ဘာမှ ဖြစ်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

"ယာဉ်တိုက်မှုအတွက် လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့နောက် တေးယွန်က အိမ်ကို ပြန်လာပြီး တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ အားလုံး စိုးရိမ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်" လို့လည်း SM Entertainment က ဆိုပါတယ်။

play

 

တေးယွန်ဟာ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီခန့်မှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောစကားအရ တေးယွန်စီးလာတဲ့ Mercedes-Benz ကားဟာ တက္ကစီတစ်စီးရဲ့ နောက်ကို ဝင်တိုက်ပြီး တက္ကစီက သူ့ရှေ့က Audi ကားကို ဝင်ဆောင့်လိုက်တယ်လို့ သိရပါတယ်။

တေးယွန် (Taeyeon) ရဲ့ခန္ဓာကိုယ်ထဲမှာ အယ်လ်ကိုဟော မတွေ့ရှိကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ှSource : Allkpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video