International Celebrity: အစားအရမ်းစားတဲ့ Girls' Genration အဖွဲ့

အသုံးစရိတ်အများစုကို အစားအတွက် သုံးတယ်လို့ ဆိုပါတယ်။

SM Entertainment group လက်အောက်မှာရှိတဲ့ K-pop အဖွဲ့တွေဖြစ်တဲ့ Super Junior ၊ EXO နဲ့ Girls' Generation တို့ထဲမှာ Girls' Generation က အစား အများဆုံးစားတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပြီး အသုံးစရိတ်ထဲမှာ အစားအသောက်အတွက် ကုန်တာအများဆုံးလို့ သိရပါတယ်။

play

 

သူတို့တစ်ဖွဲ့လုံးက အစားအရမ်းကြိုက်ကြသူတွေဖြစ်ပြီး သူတို့ရဲ့ အစားအစာအတွက် အသုံးစရိတ်ငွေက ကြောက်ခမန်းလိလိပါပဲ။

"Girls' Genration က အစားမှာ အသုံးအများဆုံးပဲ။ ကျွန်မတို့အဖွဲ့သုံးတာ Super Junior ထက် ပိုတယ်လို့ မန်နေဂျာတွေက အမြဲပြောတယ်" လို့ Girls' Genration အဖွဲ့ဝင် Hyoyeon က ပြောပြခဲ့ပါတယ်။

play

 

"ကျွန်မတို့စားတာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၉ ယောက်နဲ့ညီတယ်လို့ မန်နေဂျာတစ်ယောက် ပြောဖူးတယ်" လို့ Seohyun ကလည်း ပြောပါတယ်။

အစားအစာနဲ့ ပတ်သက်ပြီး သူတို့အပေါ် ကန့်သတ်ချက်တွေထားတာ မရှိဘဲ စားချင်တာ စားခွင့်ရှိတယ်လို့ Girls' Genration အဖွဲ့ဝင်တွေက ပြောပါတယ်။

play

 

သူတို့ဟာ တစ်နေ့ကို ကယ်လိုရီ ၁၅၀၀ သာ စားခွင့်ရှိတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ခဲ့ပေမဲ့ အဲဒီသတင်းက မမှတ်ဘူးလို့ အဖွဲ့ဝင်တွေက ပြောပြခဲ့ပါတတယ်။

Girls' Genration အဖွဲ့ စားသောက်စရိတ်အတွက် SM Entertainment က တစ်နှစ်ကို ကိုရီးယားဝမ် သန်း ၃၀၀ (၂၆၅,၄၇၀ ဒေါ်လာ) သုံးခဲ့ရတာဖြစ်ပြီး သူတို့တစ်ဦးချင်းစီရဲ့ တစ်နှပ်စာ ပျမ်းမျှကုန်ကျစရိတ်က ဝမ် သုံးသောင်း (၂၆.၅၅ ဒေါ်လာ) ရှိပါတယ်။

Source & Photos : ilovekstars

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ