AD
AD
AD

ဇန်န၀ါရီ ၃၀ရက်နေ့ (မနေ့က) လူငယ်ကြိုက် Glee ရုပ်ရှင်ဇာတ်လမ်းတွဲထဲက မင်းသားတစ်ဦးဖြစ်သူ မာ့ခ်ဆောလင်း (အသက် ၃၅နှစ်) ဟာ လော့စ်အိန်ဂျလိစ်၊ ဆန်းလန်းဒေသမှာ မိမိကိုယ်ကိုသေကြောင်းကြံစည်ပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

တာဝန်ရှိသူတွေရဲ့အဆိုအရ သူ့နေအိမ်အနီးအနားက သစ်ပင်မှာ ဆွဲကြိုးချပြီး သေဆုံးတယ်လို့ ယူဆရပါတယ်။

play

 

ဆောလင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက အရွယ်မရောက်သေးတဲ့ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခြင်းနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရသူတစ်ဦးဖြစ်ကာ အမှုရင်ဆိုင်နေဆဲလည်းဖြစ်ပါတယ်။ သူရင်ဆိုင်နေရတဲ့အမှုတွဲအရ ထောင်ဒဏ် ၄နှစ်ကနေ ၇နှစ်အထိကျခံရဖွယ်ရှိတယ်လို့သိထားရပြီးနောက်ပိုင်းမှာ အခုလို သေကြောင်းကြံစည်ခဲ့တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဆောလင်းဟာ အရင်ကလည်း လက်ကောက်ဝတ်သွေးကြောကိုဖြတ်ကာ မိမိကိုယ်ကိုသေကြောင်းကြံစည်ခဲ့ဖူးသေးတယ်လို့ တချို့ကအတည်ပြုထားပါတယ်။

play

 

Glee ရုပ်ရှင်ဇာတ်လမ်းတွဲဟာ လူငယ်တွေကြားရေပန်းစားအောင်မြင်မှုများစွာရခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်ကာ ဇာတ်လမ်းတွဲထဲကခေါင်းဆောင်မင်းသားတစ်ဦးဖြစ်သူ ကိုရီမွန်တိ (အသက်၃၁နှစ်) ဟာလည်း ၂၀၁၃ ဇူလိုင်လတုန်းက ဆေးအလွန်အကျွံသုံးစွဲရာမှအဆိပ်ဖြစ်ကာ သေဆုံးခဲ့ပါတယ်။ အဲ့ဒီ့တုန်းက ကိုရီရဲ့သေဆုံးမှုကိုလည်း ပရိသတ်တွေမယုံနိုင်ဖြစ်ခဲ့ရပြီး အခု ဆောလင်းသေဆုံးမှုဟာလည်း ထူးဆန်းနေတယ်လို့ Fans တွေကဆိုပါတယ်။

play

ကိုရီနဲ့ဆောလင်းဟာ Glee ဇာတ်လမ်းတွဲထဲမှာလည်း ဖင်န်နဲ့နိုအာ ဆိုတဲ့ကျောင်းသားသူငယ်ချင်းနှစ်ယောက်အဖြစ် အချိန်အတော်ကြာသရုပ်ဆောင်ခဲ့ပြီး အပြင်မှာလည်း ရင်းနှီးခင်မင်ကြတဲ့သူတွေပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD