International Celebrity: Gossip Girl မင်းသမီးချော ဘလိတ်ခ် လိုက်ဗလီ

နာမည်ကြီးမင်းသား လီယိုနာဒိုဒီကာပရီယိုနဲလည်း တွဲခုတ်ခဲ့ဖူးပါသေးတယ်။

play

 

Gossip Girl မင်းသမီးလေး Blake Lively ဟာ တာဇာနားမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မင်းသားကြီး အာနီလိုက်ဗလီရဲ့ သမီးလည်းဖြစ်ပါတယ်။

အသက် ၁၀ နှစ်အရွယ်ကတည်းက အနုပညာခြေလှမ်းတွေ စတင်ခဲ့တဲ့ သူမဟာ The Sisterhood of the Traveling Pants ရုပ်ရှင်ဇာတ်ကားနဲ့ လူသိများခဲ့သူပါ။ ၂၀၀၇ ခုနှစ်မှာ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ Gossip Girl ရုပ်ရှင်ဇာတ်လမ်းတွဲမှာတော့ Serena van der Woodsen ဆိုတဲ့ ကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။

play

 

သူမဟာ New York, I Love You, The Town, Green Lantern, Savages နဲ့ The Age of Adaline ရုပ်ရှင်ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ သူမကို Gossip Girl မင်းသမီးလေးအဖြစ် လူသိများခဲ့ပြီး အဲ့ဒီ့ရုပ်ရှင်ဇာတ်လမ်းတွဲနဲ့ပဲ အနုပညာဆုတံဆိပ်တွေရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Shallows ထိတ်လန့်သည်းဖိုရုပ်ရှင်ဇာတ်ကားမှာ အဓိကမင်းသမီးအဖြစ် ပီပြင်စွာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Gossip Girl ဇာတ်လမ်းတွဲထဲက မင်းသားချော ပန်ဘတ်ဒ်ဂလီနဲ့ ၃နှစ်ကြာ တွဲခဲ့ဖူးတဲ့ လိုက်ဗလီဟာ နာမည်ကြီးမင်းသား လီယိုနာဒိုဒီကာပရီယိုနဲလည်း တွဲခုတ်ခဲ့ဖူးပါသေးတယ်။

play

 

Green Lantern ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးနောက်ပိုင်းမှာတော့ မင်းသားချော ရိုင်ယန်ရိန်းနောလ်ဒ်နဲ့ ချစ်ကြိုးသွယ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကာ ၂၀၁၄ ခုနှစ်မှာ သမီးဦးလေး ပိုင်ဆိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ