International Celebrity: GQ ဆုပေးပွဲမှာ ဆက်စီအကျဆုံးဖြစ်နေတဲ့ အက်ရှလေဂရေဟမ်နဲ့ ဘယ်လာဟက်ဒီး

GQ ဆုပေးပွဲဟာ နှစ်စဉ် နာမည်အကြီးဆုံးဆုပေးပွဲတွေထဲမှာ ပါဝင်ပါတယ်။

play

 

လန်ဒန်မှာ ကျင်းပတဲ့ နာမည်ကြီးဆုပေးပွဲတစ်ပွဲဖြစ်တဲ့ GQ ဆုပေးပွဲဟာ နာမည်ကျော် ဆယ်လီတွေ မပျက်မကွက်တက်ကြတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

ထုံးစံအတိုင်း ဆယ်လီမိန်းမလှလေးတွေဟာ အလှဆုံးပြင်ဆင်ပြီး တက်ရောက်ကြတဲ့ ပွဲလည်းဖြစ်ပါတယ်။

play

 

စက်တင်ဘာလ ၆ ရက်မှာ ကျင်းပတဲ့  GQ မဂ္ဂဇင်းရဲ့ ၁၉ ကြိမ်မြောက် နှစ်ပတ်လည်ဆုပေးပွဲကို အလင်းလက်ဆုံးကြယ်ပွင့်နှစ်ပွင့်အဖြစ် အက်ရှလေဂရေဟန်နဲ့ ဘယ်လာဟက်ဒီးကို သတိထားမိပါတယ်။

play

 

အသက် ၂၉ နှစ်အရွယ် အက်ရှလေဟာ မော်ဒယ်ဆိုတာ ပိန်ပိန်သွယ်သွယ်ဖြစ်ရမယ်ဆိုတဲ့ အတွေးအမြင်ကို လုံးဝတွန်းလှန်နိုင်ခဲ့တဲ့ အကိတ်မော်ဒယ်ဖြစ်ပြီး ဘယ်တော့ကြည့်ကြည့် ဆက်စီကျကျ လှနေသူဖြစ်ပါတယ်။

အခုလည်း အနက်ရောင် ဝတ်စုံရှည်နဲ့ ဖွံ့ထွားလှတဲ့ သူမရဲ့ခန္ဓာကိုယ်ဟာ လိုက်ဖက်လို့ လှပနေပြန်ပါတယ်။

play

 

ဘယ်လာဟက်ဒီးကတော့ ကော်ဇောနီဘုရင်မလို့ တင်စားခေါ်ဝေါ်ရမယ်ထင်ပါတယ်။ သူမဟာ သာမန်အချိန်တွေထက် ကော်ဇောနီပေါ်အရောက်မှာ ပိုမိုထင်ရှားလှပနေပြီး သူမရဲ့ကော်ဇောနီဖက်ရှင်တိုင်းဟာ နာမည်ကျော်သွားရတာချည်းပါပဲ။

play

 

အဆင်တန်ဆာတွေလုံးဝမပါတဲ့ ဂါဝန်ရှည်ကြီးဟာ သူမရဲ့ သွယ်ပြောင်းလှတဲ့ ကိုယ်လုံးလေးပေါ်မှာ ကွက်တိကျနေပြီး ကျက်သရေရှိရှိလှပနေပါတယ်။

play

 

ရိုးရှင်းစွာ ဝတ်စားဆင်ယင်ထားတဲ့ အသက် ၁၉ နှစ်အရွယ် မော်ဒယ်မလေးဟာ သူမရဲ့ပခုံးသားအလှနဲ့ ရင်သားအလှကို ပေါ်လွင်စေပြီး ဆက်စီကျနေပြန်ပါတယ်။ ဒီလို ဆက်စီကျကျ ကျက်သရေရှိအောင် အမြဲဝတ်စားဆင်ယင်တတ်တဲ့ အတွက် သူမရဲ့ကော်ဇောနီဖက်ရှင်တွေက ဆွဲဆောင်မှုရှိနေတာလည်း ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ