International Celebrity: ဒီနှစ်ထဲမှာ အတွေ့အကြုံတွေများတယ်လို့ ကယ်ဗင်ဟားရစ်က GQ ဆုယူရင်း ပြောခဲ့

အချစ်ရေးမှာ ကံမကောင်းခဲ့ပေမဲ့ ဂီတဘက်မှာ အောင်မြင်မှုများစွာ ရရှိနေခဲ့ပါတယ်။

play

 

စက်တင်ဘာလ ၆ ရက်ညမှာ ကျင်းပတဲ့ GQ Men of the Year ဆုပေးပွဲမှာ ကယ်ဗင်ဟားရစ်က Patron Solo Artist Of The Year ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့်ရဲ့ မန်နေဂျာ မာ့ခ်ဂီလီစိုင်ကို အရမ်းကောင်းခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်။ ဒီနှစ်ထဲမှာ အများကြီးဖြတ်ကျော်ခဲ့ရသလို အများကြီး ရှာဖွေတွေ့ရှိခဲ့ရတယ်" လို့ သူက ဆိုပါတယ်။

play

 

ကယ်ဗင်ဟားရစ်ဟာ ပြီးခဲ့တဲ့လက ဝင်ငွေအကောင်းဆုံး ဒီဂျေသမားအဖြစ် သတ်မှတ်ခံရသလို MTV Video ဂီတဆုပေးပွဲမှာလည်း အကောင်းဆုံး အမျိုးသားဗီဒီယိုဆုကို ရရှိခဲ့ပါတယ်။

play

 

၁၅ လကြာ တေလာဆွစ်နဲ့ ချစ်သူဖြစ်ခဲ့ပြီး လူတွေအားကျရတဲ့ အချစ်ရေးဖြစ်ခဲ့ပေမဲ့ ရုတ်တရက်အချစ်ရေး အဆုံးသတ်သွားခဲ့ပြီး နှစ်ပတ်အကြာ တေလာဆွစ်က တွမ်ဟစ်ဒယ်လ်စတန်နဲ့ ချစ်ဇာတ်လမ်းသစ် စခဲ့တဲ့အတွက် ကယ်ဗင်ဟားရစ်မှာ ဒေါသထွက်ခဲ့ရပါသေးတယ်။

play

 

တိုက်ဆိုင်လှစွာပဲ တေလာဆွစ်က တွမ်ဟစ်ဒယ်လ်စတန်နဲ့ ပြတ်သွားပြီဖြစ်ကြောင်းကို ကယ်ဗင်ဟားရစ် GQ ဆုယူခဲ့တဲ့ ညမှာပဲ ကြေညာခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ