International Celebrity: GQ ဆုပေးပွဲရဲ့ အကောင်းဆုံးဆုတွေကို သိမ်းပိုက်သွားတဲ့ အမျိုးသား (၃) ဦး

သုံးယောက်လုံးက အမျိုးသမီးပရိသတ်တွေရဲ့ အချစ်တော်တွေပါ။

play

 

GQ မဂ္ဂဇင်းက နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ ဆုပေးပွဲရဲ့ ယခုနှစ်အတွက် ဆုရှင်တွေထဲမှာ ထိပ်တန်းဆုတွေကို ပိုင်ဆိုင်ခဲ့သူတွေကတော့ အိတ်ဒန်တာနာ၊ ခရစ္စပိုင်းနဲ့ ကယ်ဗင်ဟားရစ်တို့ပါ။ ယခုနှစ် GQ တစ်နှစ်တာအထူးချွန်ဆုံးအနုပညာရှင်များ ဆုပေးပွဲကို အင်္ဂါညက လန်ဒန်မြို့ Tate Modern ခမ်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု (ရုပ်သံစီးရီး)ကို အိုင်းရစ်မင်းသား အိတ်ဒန်တာနာက BBC ရဲ့ Poldark ရုပ်သံစီးရီးနဲ့ ဆွတ်ခူးသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လမှာ စတင်ပြသခဲ့တာဖြစ်ပါတယ်။

play

 

Star Trek ဇာတ်ကားတွေရဲ့သရုပ်ဆောင် ခရစ္စပိုင်းကတော့ International Man ဆုကို ဆွတ်ခူးခဲ့ပါတယ်။ တွဲဖက်သရုပ်ဆောင် ဆိုင်မွန်ပတ်က ခရစ္စပိုင်းကို ဆုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

play

 

စကော့တလန်သား နာမည်ကျော် DJ ကယ်ဗင်ဟားရစ်ကလည်း Patron Tequila Solo Artist ဆုကို ရရှိခဲ့ပါတယ်။ ကယ်ဗင်ဟားရစ်အတွက် ဆုကို အယ်လီဂိုလ်ဒင်က ပေးအပ်ခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ