International Celebrity: GQ ဆုရလို့ နှလုံးဖောက်ပြန်မလိုဖြစ်ခဲ့ရတယ်လို့ ဆိုတဲ့ ဘယ်လာဟက်ဒီး

သူမဟာ ဒီနှစ်ထဲမှာ အဟုန်ထိုးနာမည်ရလာသူပါ။

play

 

စူပါမော်ဒယ် ဂျီဂျီဟက်ဒီးရဲ့ညီမ ဘယ်လာဟက်ဒီးဟာ ဖက်ရှင်ဘုရင်မအဖြစ် ကော်ဇောနီတွေပေါ်မှာ နာမည်ကျော်သူဖြစ်တဲ့အတွက် GQ ရဲ့ အကောင်းဆုံးမော်ဒယ်အဖြစ် ရွေးချယ်ခံရတာ အံ့သြစရာမရှိပါဘူး။

play

 

စက်တင်ဘာလ ၆ ရက်နေ့ညက လန်ဒန်မှာ ကျင်းပတဲ့ GQ Men of the Year ဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ်မော်ဒယ်ဟာ ဆုရရှိချိန်မှာ နှလုံးဖောက်ပြန်မလိုတောင် ဖြစ်သွားခဲ့တယ်လို့ ​ဝန်ခံခဲ့ပါတယ်။

"ကျွန်မအရမ်းကို ကြိုးစားခဲ့ပါတယ်။ အသိအမှတ်ပြုခံရတာ အရမ်းဝမ်းသာတယ်" လို့ ပိတုန်းရောင်ကေသာပိုင်ရှင်လေး ဘယ်လာက ဆိုပါတယ်။

play

 

သူမဟာ ယင်းပွဲကို မိခင်ဖြစ်သူ ယိုလန်ဒါနဲ့အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ယိုလန်ဒါဟာ ၂၀၁၂ ခုနှစ်ကတည်းက Lyme ရောဂါ ဖြစ်နေခဲ့တာပါ။

play

 

"'ဒါဟာ လေးနှစ်အတွင်းမှာ အမေ အိပ်ရာကထပြီး ဆံပင်၊ မိတ်ကပ်ပြုပြင်တာ ပထမဆုံးပါပဲ။ အမေဒီမှာရှိနေတဲ့အတွက်လည်း အရမ်းပျော်ပါတယ်" လို့လည်း ဘယ်လာက ဝမ်းသာစကား ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ