AD
AD
AD

ချစ်သူတွေဖြစ်နေကြတဲ့ EXO အဖွဲ့ဝင် လူဟန် (Luhan) က တရုတ်မင်းသမီး  Guan Xiaotong တို့ကို Guan Xiaotong ရဲ့မိခင်က သူ့သမီးကို လူဟန်နဲ့ လုံးဝသဘောမတူဘူးလို့ တရုတ်မီဒီယာတစ်ခုမှာ ဖော်ပြလာပါတယ်။

play

 

အသက် ၂၀ အရွယ် Guan နဲ့ အသက် ၂၇ နှစ်အရွယ် လူဟန်တို့ဟာ ချစ်သူတွေဖြစ်နေကြောင်း အောက်တိုဘာလက သိခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ဟာ မကြာခင် လက်ထပ်ဖို့တောင် စီစဉ်နေပြီလို့လည်း သိရပါတယ်။ ဒါပေမဲ့ တရုတ်မင်းသမီးရဲ့မိခင်က သူတို့နှစ်ယောက် လက်ထပ်ဖို့အတွက်ကို သဘောမတူဘူးလို့ တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ Toutiao မှာ ဒီဇင်ဘာလ ၇ ရက်က ရေးသားထားပါတယ်။

play

 

Guan Xiaotong ရဲ့မိခင်ဟာ သူ့ရဲ့သမက်ဟာ အချက် ၃ ချက်နဲ့ ပြည့်မီရမယ်လို့ ဆိုပါတယ်။ ပထမတစ်ချက်က တာဝန်ယူတတ်တဲ့ ယောက်ျားဖြစ်ရမယ်။ ဒုတိယတစ်ချက်က သဘာဝအတိုင်း ကြည့်ကောင်းချောမောသူဖြစ်ရမယ်၊ မျက်နှာခွဲစိတ်ပြုပြင်ထားတာ လုံးဝမရှိသူ ဖြစ်ရမယ်။ တတိယအချက်ကတော့ မိန်းမမဆန်ရဘူးလို့ ဆိုပါတယ်။

EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူဟန်ဟာ မိန်းကလေးပရိသတ်အများအပြားရဲ့ အသည်းစွဲဖြစ်ပြီး သူ့မှာ ချစ်သူဖြစ်ကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ကိုရီးယားမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ မိန်းကလေးတွေတောင် ရှိခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် လူဟန်ဟာ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း အောင်မြင်တဲ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

Source : allkpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD