International Celebrity: Guardians of the Galaxy 2 အတွက် ဘာသာစကား ၁၅ မျိုးမက သင်ယူနေရတဲ့ ဗန်ဒီဇယ်

နိုင်ငံပေါင်းစုံက ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ဖြစ်ပါတယ်။

play

 

ဗန်ဒီဇယ်ဟာ  Guardians of the Galaxy ဇာတ်ကားသစ်မှာ ပြောဖို့ ဘာသာစကား အနည်းဆုံး ၁၅ မျိုးကို လေ့လာနေရပါတယ်။

၂၀၁၄ ခုနှစ်က ရုံတင်ခဲ့တဲ့  Guardians of the Galaxy  မှာ သစ်ပင်ပုံစံ စူပါဟီးရိုး Groot အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဗန်ဒီဇယ်ဟာ လာမယ့် Guardians of the Galaxy Vol. 2 မှာလည်း ယင်းဇာတ်ရုပ်နဲ့ပဲ ထပ်မံသရုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။

play
ဒါရိုက်တာ ဂျိမ်းစ်ဂန်း

 

နိုင်ငံသစ်တွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ ယင်းဇာတ်ကားအတွက် ဒါရိုက်တာ ဂျိမ်းစ်ဂန်းက အသက် ၄၉ နှစ်အရွယ် မင်းသားကြီး ပြောရမယ့်စကားတွေကို ဘာသာစကားသစ်တွေအများကြီးနဲ့ သင်ယူခိုင်းထားပါတယ်။

play

 

"ဒီရုပ်ရှင်ကို လူတွေကြိုက်မယ်လို့ ထင်တယ်။ ပထမဇာတ်ကားတုန်းက ဘာသာစကား ၆ မျိုး အသံသွင်းရတယ်။ အခု ဂျိမ်းစ်ဂန်းက ဘာသာစကားအရေအတွက်ကို ထပ်တိုးချင်တယ်" လို့ ဗန်ဒီဇယ်က ပြောခဲ့ပါတယ်။

"ဒါကြောင့် ဒိုင်ယာလော့တစ်ခုကို ဘာသာစကား ၁၅ မျိုး၊ ၁၅ မျိုးလောက်နဲ့ လုပ်ရမယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။

Source & Photos : RA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ