International Celebrity: ဟေလီဘောဝင်းရဲ့ Guess ဖက်ရှင် ကြော်ငြာသစ်

အသက် ၁၉ နှစ်အရွယ် မော်ဒယ်လေးက ဂျက်စတင်ဘီဘာနဲ့လည်းငြိစွန်းဖူးပါတယ်။

play

 

ယခုနှစ်ထဲမှာမှ ပိုပြီးအောင်မြင်ကျော်ကြားလာတဲ့ ဟေလီဘောဝင်းဟာ Guess အမှတ်တံဆိပ်က ကြော်ငြာမော်ဒယ်အဖြစ် အသုံးပြုဖို့ မျက်စိကျခြင်းကို ခံခဲ့ရပါတယ်။ ဆွဲဆောင်မှုရှိတဲ့အကြည့်တွေနဲ့အတူ ကောက်ကြောင်းလည်းလှသူမို့ Guess Holiday Campaign အတွက် ကြော်ငြာပေးခဲ့ရတာပါ။

play

 

ကြော်ငြာအတွက် ဓာတ်ပုံရိုက်ကူးမှုကို ကယ်လီဖိုးနီးယားပြည်နယ် Palm Springs မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဟေလီက Guess ရဲ့ ဖက်ရှင်ဒီဇိုင်းစုံကို ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။ အတွင်းခံတွေလည်း ပါသလို ဂျင်းထည်တွေလည်း ပါဝင်ပါတယ်။

play

 

ထသွားထလာ ပေါ့ပေါ့ပါးပါးစတိုင်ကတော့ ဟေလီနဲ့ အတော်လေးလိုက်ဖက်လွန်းပြီး ခေတ်မီလန်းဆန်းတဲ့ လူငယ်တစ်ဦးရဲ့အသွင်အပြင် အပြည့်အဝ ပေါ်လွင်နေခဲ့ပါတယ်။

Source : Scope Features

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ